အားလပ်ရက်မှာ

တကယ်တော့ သူ ရုးသွားမယ်ဆိုရင်လည်း ရူုးလောက်စရာပဲ။ သူ ဘာမှ သိနားမလည်လို့ မိုက်မှားမိတဲ့ အမှားလေးတစ်ခုကို နိုင်ငံရေးသမားတွေက မညှာမတာ ပတ်ပတ်စက်စက် ၀ိုင်းပြောတော့ စိတ်နာမိတာပေါ့။ တကယ်တော့ သူ က ရိုးသားစွာ မှားမိတာပါ။ တကယ်တော့ ပြသနာကို အဓိက ပံပိုးသူကတော့ အရမ်းကောင်းတဲ့ ပိုစ့်ပါပဲလို့ မှတ်ချက်ပေးသွားသူပဲ။ နဂိုကထဲက သူမက ကျိတ်လေးစား xoxox နေတာဆိုတော့ ဒီလို ထောက်ခံမှုလေး ချီးမွမ်းမှုလေး မြင်ရတော့ စိတ်ထဲမှာ အတိုင်းမသိပါပဲ။ အင်းပေါ့လေ ကို့အခြေအနေက ဒါမျိုးတွေမရနိုင်တော့တဲ့ အခြေအနေဆိုတော့ အနဲဆုံးတော့ ရင်ခုန်လို့ရသွားတာပေါ့။

မောင်ဘတစ်ယောက်ပြောလို့ ကောင်းကောင်းနဲ့ ပြောနေတုန်း အနောက်လှည့်ကြည့်လိုက်တော့ ဆရာကြီး ဘီယာတွေကို လက်ထဲမှာ အပြည့်နဲ့ဝင်လာတယ်။ အားတဲ့ရက်ဆိုတော့ အိမ်မှာ စုကြ သောက်ကြတဲ့ အရသာက ဘာနဲ့မှ မလဲ နိုင်ဘူး။ မောင် စင်ကူပူကတော့ အမြည်းတွေ ချက်နေလေရဲ့။ မလုပ်နဲ့လို့ ပြောလည်း မရဘူး။ တယ်စေတနာကောင်းတဲ့ မောင်စင်ကာပူ။ :)

မင်းတို့က အားအားနေ အဲ့ဒီ ငလက်မအရပ်အမောင်းနဲ့ ရုပ်ဆိုးဆိုး မိန်းမအကြောင်းပဲ ပြောနေတယ်။ မကြိုက်ဘူးဆိုရင်လည်း သွားမဖတ်နဲ့ပေါ့။ သူ့ဟာ ရေးချင်တာရေးတာ သူ့အခွင့်အရေးပဲလေ။ သူ့ ဟာသူ ဘယ်သူ့ကိုပဲ ကြိုက်နေကြိုက် မင်းတို့နဲ့ ဆိုင်လို့လား။ ဘီယာကို ဖောက်ရင်း အမြည်းတစ်တုံးကို ပါးစပ်ထဲကောက်ထည့်လိုက် ပြောလိုက်လုပ်နေသော ဆရာကြီး ကို မောင်ဘ ဘာမှ ပြန်မပြောချေ။

မဟုတ်ဘူးကွ အဲဒီတစ်ယောက်က သူ့ပိုစ့်တစ်ခုလုံး နာမည်သုံးလုံးပဲ ရွတ်နေတော့တယ်။ ဟိုတစ်ယောက် ကဘာမှမပြောဘူး။ သူကပဲ အာလုံးကို ပြန်ကိုက်နေတော့တာ။ ပြီးတော့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ရေးထားသေးတယ်။ လူ့အဖွဲ့အစည်း အကြောင်း ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ သူက လူ့အဖွဲ့အစည်း အတွက် ဘာများလုပ်ပေးဖူးလို့လဲ။ ကိုယ့်ရုပ် ကိုယ့်ရည်နဲ့မလိုက်တဲ့ စကားတွေပြောနေလို့ပါကွာ။ မီးဖိုချောင်ထဲမှာ မောင်စင်ကာပူက လှမ်ပြောလိုက်တော့ .... သူ့ဟာသူ ဘယ်သူ့ကိုပဲ ကြိုက်ကြိုက် ဘယ်သူ့အတွက်ပဲ ကိုက်ကိုက် မင်းတို့နဲ့မဆိုင်ပါဘူး။

ဟားဟား မင်းလည်း ဒီငတိမကို ကြိုက်နေပြီမဟုတ်လား။ သေလေ သွားသေလိုက်တော့။ ဒီလို ရုပ်မျိုးကို ကြိုက်စရာလား။ အွန်လိုင်ပေါ်တက်ပြီး နာတက်ထနေတဲ့ ဒီငပုမကိုများ မင်းမို့လို့ ငါနဲ့ပေးစားရက်တယ်။ ဆရာကြီးမျက်နှာကြည့်ရသည်မှာ တော်တော်ရီချင်မိသည်။ ကမ္ဘာ့အဆိုးဝါးဆုံး မိန်းမ တစ်ယောက်ကိုများ ရရှိသည့်အလားပဲ။

ခနနေတော့ မောင်စင်ကာပူရဲ့ အမြည်းတွေ ရောက်လာတယ်။ ကောင်းလိုက်တာအရမ်းပါပဲ။ အလကားစားရလို့ထင်တယ် ဟီး။

တကယ်တော့ အဲဒီတစ်ယောက်ဘာတွေဖြစ်နေလဲဆိုတာ ငါလည်းနားမလည်ဘူး။ သူ့ ဘလော့ဂ်က အခုနောက်ပိုင်း ဘာအဆင့်အတန်းမှ မရှိတော့ဘူး။ သူ့များတွေကို စောင်းပြောလိုက်။ သူများအစားစောင်းပြောလိုက်နဲ့။ ဘာဆိုဘာမှ မရှိတာကို မင်းတို့က သွားဖတ် ပြီးတော့ ဒေါသထွက် ။ ငါအရင်တုန်းက ထင်ထားတာ သူ့ကို ကြည့်မရတဲ့အထဲမှာ ငါတို့ပဲပါမယ်ထင်တာ အခုတော့ တော်တော်များများပဲ။ အေးလေး ကြည့်မရဖြစ်လည်း ဖြစ်ချင်စရာပဲကိုးကွ။

ကဲကွာ ကဲကွာ သူများအကြောင်းမပြောတာအကောင်းဆုံးပဲ။ ငါတို့ရဲ့ လှပတဲ့ အားလပ်ရက်လေး နမြောစရာ။ ဘီယာနောက်တစ်လုံးကို ထပ်ဖောက်ရင်း ဆရာကြီးတစ်ယောက် စကားဝိုင်းကို အဆုံးသတ်ရန်ကြိုစားရှာသည်။ ထိုနော့က် ကျနော်တို့ ငယ်ငယ်တုန်းကအကြောင်းတွေပြောကြ။ ကျွန်းပေါ်ရောက်တုန်း ဒုက္ခတွေ သုခတွေ မျှဝေကြ။ အဲ့ဒီအထဲမှာ မောင်စင်ကာပူ အကြောင်း ကြားရတာ တော်တော်ရီစရာအကောင်းဆုံးပဲ။

5 comments:

Anonymous said...

nice :)
ပို့စ် တခု တခုကို လည်ပင်းရှည်အောင် စောင့်ရတယ် :(

ဘလော့ ဖတ်ခြင်း ကိုစိတ်ဝင်စားသူ said...

အရမ်းရိုင့်း အဆုံးမကင်း ခေါင်းမာ ပါးနပ်မှု့ မရှိ ကိုယ့် ကို ကိုယ်အထင်စွတ်ကြီး သူများမြှောက်ပေးလို့ ပေးမှန်းမသိ အရွဲ့ တိုက်ချင်စိတ်များသောအမျိုးသမီး ဟု ထင်ပါသည်။
ငါသာလျှင်မှန်ဧ။်... ထင်သူတကား
“ငါ၏စိတ်တွင်ထင်၏မလွဲလိတ်ခဲတည်းလည်း
ဟုတ်တည်းဧကန်အာမသန်နှင့် 
မှန်သည်တစေမရှိချေ“
အရှင်မဟာရဌသာရ

အမြဲစောင့်ဖတ်သူ said...

ပို့စ်တိုင်းကိုစောင့်ဖတ်နေပါတယ်။ ဘယ်လောက်ကြာကြာ စောင့်ဖတ်ပါတယ်။ ဒါပေမယ့် တခါတလေဖတ်ပြီး ဘယ်သူ့ကိုရေးထားပါလိမ့်ဆိုပြီး သဘောမပေါက်ဖြစ်တယ်။ ကိုယ်ကဘလော့တိုင်းလိုက်ဖတ်သူမဟုတ်တော့ ဘယ်သူကိုညွှန်းရေးမှန်းမသိဘူး။ ဖြစ်နိုင်ရင် သူတို့ရဲ့ဘလော့လင့် ဒါမှမဟုတ် သိသာနိုင်တဲ့နာမည်တစ်ခု ထည့်ရေးပေးစေချင်ပါတယ်။
ဘလော့ဂါများ အကြွားလျော့ပါစေ။
ဘလော့ဂါများ ငါပဲတတ်တယ်၊ ငါပဲတော်တယ်၊ ငါပဲသိတယ်ဆိုတဲ့ အမြင်များလျော့ပါစေ။
ဘလော့ဂါများ ဘာမဆိုငါသိငါတတ်တယ်ဆိုတဲ့ဝါဒပျောက်ပါစေ။
ဘလော့ဂါများ စားစရာများကြွားခြင်း၊ အ၀တ်အစားကြွားခြင်း၊ ဈေးဝယ်ထွက်တာကြွားခြင်း၊ ကိုယ့်ယောက်ကျား/မိန်းမကိုကြွားခြင်း၊ ပိုင်ဆိုင်မူကြွားခြင်းတွေ နည်းကြပါစေ။

Anonymous said...

ဆရာတို့ ရုပ်ဆိုးဆိုးဂျပုမ ကိုနှိပ်ကွပ်ပါအုန်းဗျ.... စောက်ကြီးစောက်ကျယ် တွေပြောနေပြန်ပြီ။ သူများစာတွေကူးတင်ပြီး ဟိုသူမကောင်းဘူး.... ဒီသူမကောင်းဘူးနဲ့ ...........
https://www.blogger.com/comment.g?blogID=1953997581809698767&postID=5765565790612705679&isPopup=true

ကြည့်မရသူ

MoeThwayNge said...
This comment has been removed by the author.