ဘလော့ဂ်တွေကို ဖတ်လာတာ တော်တော်များနေပြီ။ ဘလော့ဂ်တွေကလည်း ပေါင်းစုံပဲ။ အဲ့ဒီလို အဲ့ဒီလို ဖတ်ခဲ့တဲ့ ဘလော့ဂ်တွေထဲမှာ အရှက်မရှိဆုံးဘလော့ဂ်တွေက အမျိုးသမီး ဘလော့ဂ်တွေပဲ။ မောင်ဘပြောသလို ပြောရရင် သောက်ရူးမ ဘလောဂ့်တွေပေါ့။ ကိုယ့်ဟာကို ရေးချင်တာရေးတာ မဖတ်ချင်ရင်လာမဖတ်နဲ့ပေါ့။ ဘာတွေလာပြောနေတာလဲလို့ ပြောစရာရှိတယ်။ ကိုယ့်ဟာကို ရေးချင်ရင် စာအုပ်ထဲချရေးပေါ့။ ပြီးရင် တစ်ယောက်ထဲဖတ်။ မနေနိုင်လို့ တခြားလူတွေကိုပေးဖတ်ချင်ရင်လည်းဖတ်ပေါ့။
အခုတော့ အများပြည်သူဖတ်လို့ရတဲ့ ဘလော့ဂ်ဆိုတဲ့ အရာတွေဖန်တီးပြီး ဟိုတနေ့က ဘာသွားစားတယ်။ ဟိုတနေ့ကတော့ ဘာဝယ်ခဲ့တယ်။ စသဖြင့် စသဖြင့်ပေါ့။ အရေးထဲ ပိုစ့်တိုင်းကို ကိုယ့်ကိုကိုယ် သိပ်လှတယ်ထင်ပြီး ဓတ်ပုံတွေတင်တဲ့ သောက်ရှက်မရှိ အရူးမတွေကရှိသေးတယ်။
ကိုယ်က အများပြည်သူဖတ်လို့ရတဲ့ နေရာမှာ ချပြတဲ့အခါ အများပြည်သူဆိုတာကို လေးစားရမယ်။ အများပြည်သူအတွက် ဗဟုသုတ အတွေး ဒါတွေကိုပေးနိုင်ရမယ်။ ဒါမှလည်း ကိုယ့်ဘလော့ဂ်ကို လာဖတ်တဲ့ သူတွေအတွက် သူတို့ ကုန်ခဲ့တဲ့အရာတွေ ပိုပြီး တန်ဖိုးရှိမယ်။
ဒီလိုမှ မဟုတ်ရေးချင်ရင်လျှောက်ရေးပြီး သောက်ရှက်မရှိ သောက်ကြွားပုံတွေတင်တာ ဘလော့ဂ်ချင်တာထက် ဘလောဂ့်ဂါ ဖြစ်ချင်တာက ပိုထင်ရှားနေတယ်။ ကိုယ်က အပျော်တမ်းရေးနေတဲ့ ဘလော့ဂ်တစ်ခုပဲ။ နေ့တိုင်း တင်စရာမလိုဘူး။ အကယ်၍ ကိုယ်တင်တဲ့ ပိုစ့်တိုင်းက အရေအတွက် နဲရင် နဲပါစေ။ တန်ဖိုးတော့ ရှိဖို့လိုတာပေါ့။
အခုတော့ ဘလော့ဂ်တွေကို ဖတ်လိုက်တိုင်း အထူးသဖြင့် အမျိုးသမီးဘလော့ဂ်တွေပေါ့။ သောက်ရှက်မရှိ ဘလော့ဂ်ပေါ်လာပြီး ကြွားနေကြတယ်။
အဲ့ဒီလို ကြွားဖို့အတွက် ဆိုရှယ်နက်ဝက်တွေ ရှိတာပဲ။ စာဖတ်ချင်လို့ ဆိုပြီး ဘလော့ဂ်လင့်လေး နှိပ်လိုက်ပါတယ်။ သောက်ကြွားပုံတွေပဲ မြင်ရတော့ စိတ်ပျတ်တယ်။ ဟိုးအရင်တုန်းက ဘလော့ဂ်ဂါတော်တော်များများဟာ စာဖတ်ပြီးတဲ့နောက် အန်ထွက်လာတဲ့ အတွေးတွေ စာရေးချင်စိတ်တွေကို ဘလော့ဂ်ဆိုတဲ့အရာကို ဖန်တီးခဲ့ကြတာ။ အခုဘလော့ဂ်ဂါတွေကတော့ သူများ ဘလော့ဂ်ဂါဖြစ်တိုင်း လိုက်ဖြစ်ချင်တဲ့ သူတွေများလာတယ်။ ကိုရေးချင်တာရေးတာပဲ ဘယ်သူ့ကို ဂရုစိုက်ရမလဲ ဆိုတဲ့ လူတွေ အောက်က စာကို ဖတ်ကြည့်။
စာဖတ်သူတွေ လက်ခံလာအောင် ရေးတာမဟုတ်ဘူး ကိုယ့်အမြင်ကိုယ် ရေးတယ် ဆိုပေမဲ့ စာရေးရာမှာ အမျိုးမျိုးရှိတယ်။
(၁) ကိုယ်တယောက်ထဲအတွက် ကိုယ်ရေးခြင်း (public ကို ပြရန်မလို)
(၂) တခြား တစုံတယောက်အတွက် ရေးခြင်း (စာပို့ခြင်း၊ မေးလ်ပို့ခြင်း)
(၃) အများသူငါ ဖတ်ရှုဖို့ရေးခြင်း (စာ နယ် ဇင်း နှင့် ၀က်ဘ်ဆိုက်များ, ဖိုရမ်များတွင် ရေးခြင်း)
“ပရိသတ်ဖတ်ရအောင် တင်ပေးနေတာပါလို့ အိညောင့်အိညောင့် ပြောတတ်တာတွေကို …”
မဟုတ်ရင် အများဖတ်ဖို့ တင်ရန်မလိုဘူး။ ကိုယ့်အတွေးအမြင်ကို တင်ပြထားတယ် ကိုယ်ဖန်တီးထားတာကို အများရှေ့ချပြတယ် ဆိုကတည်းက အများဖတ်ဖို့ပဲ။ ဘယ်လိုပဲ မဟုတ်ပါဘူးဆိုဆို အများဖတ်ဖို့ ရည်ရွယ်တယ်ဆိုတာ ရှင်းတယ်။
ဒီတော့ အဲဒီလို အများသူငါ ဖတ်ရှုဖို့ ရေးမယ်ဆိုရင် အချက် (၅) ချက်နဲ့ ပြည့်စုံရမယ်။ (က) ခေတ်ရဲ့ အခြေအနေ (situation)
(ခ) စာရေးသူရဲ့ ရည်ရွယ်ချက် (၀ါ) စေတနာ (intention)
(ဂ) အကြောင်းအရာ (matter)
(ဃ) ချဉ်းကပ်နည်း (၀ါ) ဇောင်းပေးခြင်း (approach)
(င) အကြောင်းအကျိုး (၀ါ) ရှေ့နောက် ဆီလျော် ညီညွတ်ခြင်း (consistency)
စာဖတ်သူကလဲ အဲဒီ ၅ ချက်ကို ရှာဖွေဖတ်ရှုရမယ်။ အဲဒီ ၅ ချက်ကလဲ ပေါ်ပေါ်ထင်ထင် ရှိမနေရဘူး။ ပေါ်ပေါ်ထင်ထင်ရှိနေရင်လဲ ဒေါသသင့်တယ်။
( ဦးရွှေအောင်)