ဆုပေးသူ မဲပေးသူ ဆုယူသူ တို့ရဲ့ ဘလာ ဘလာ (၁)

ဒီနှစ်အပါအ၀င်ဆိုရင်ဖြင့် မြန်မာဘလော့ဂ်ဂါ အကယ်ဒမီပေးပွဲကြီး နှစ်နှစ်တိတိ ဖြစ်ပြီပေါ့။ ဦးတည်ချက်တွေက ကောင်းမွန်လှပါတယ်။ မြန်မာဘလောဂ်ဂါအရေအသွေးတွေ တိုးတက်လာတာပေါ့။ ဘယ်အရာမဆို အစပိုင်း အခက်အခဲဆိုတာ ရှိစမြဲပါ။ ပထမ နှစ်ဆိုတော့ ထားလိုက်ပေါ့။ အခု ဒုတိယနှစ်ကို ရောက်လာပြီ။ ဘာတိုးတက်မှု ရှိမလာဘူး။ အဓိကတော့ မဲပေးပုံစံက အမှားကြီးမှားနေတယ်။ တကယ်ကောင်းမွန်တဲ့ ဘလောဂ့်တွေက ပျောက်နေပြီး ဘလော့ဂ်ဂါဖြစ်ချင်လို့ ဘလော့ဂ်လုပ်တဲ့ ဘလော့ဂ်တွေက များနေတယ်။ တကယ်ဆိုရင် အကယ်ဒမီပေးတဲ့ အဖွဲ့က ဘလော့ဂ်တွေကို ထားပေးရမှာ။ အခုတော့ ဘလော့ဂ်တွေ ဒီလောက်များပါရဲ့နဲ့ မဲပေးရတော့ ဆယ်ခုတောင်မရှိဘူး။

တိုင်းကျိုးပြည်ပြု ဘလော့ဂ်။ ဘာကိုဆိုလိုမှန်းမသိဘူး။ နည်းပညာဘလော့ဂ်တွေက သွက်ပါတယ်။ နည်းပညာဘလော့ဂ်တွေကို ဘယ်လိုပေးရမလဲ။ ဥပမာ ညီနေမင်း ကိုကြည့်။ ပုဂ္ဂိုလ်ရေးအရ မဲပေးမှုတွေများနေတယ်။ တကယ် နည်းပညာကို ဖြန့်ဝေပေးတာထက် သူများဆော့ဂ်ဝဲတွေကို ဒေါင်းပြီး ကိုယ့်ဟာကို တခြား ဆိုဒ်မှာပြန်တင်ပေးထားတာပါ။ အဲဒါကို နည်းပညာ ဖြန့်ဝေမှုလို ခေါ်ရမလား။

ဆက်ရန်ရှိသေးသည်။