ပြည်သူ ချစ်သော DVB


အကယ်၍သာ တစ်စုံတစ်ယောက် ကျန်ုပ်ကို ကမ္ဘာ့အညံ့ဆုံး သတင်းမီဒီယာသုံးခုကို ဖော်ပြပါဆိုရင် ကျန်ုပ်အရင်ဆုံး အားတက်သရော ဖော်ပြမယ့် သတင်းမီဒီယာသုံးခုမှာ ၁။ မြန်မာ့အသံ ၂။ မြ၀တီ ၃။ အတိုက်အခံမှ ဒီဗီဘီ တို့ဖြစ်သည်။ နအဖ အဆိုးရ ရဲ့ သတင်းမီဒီယာအကြောင်းကတော့ တစ်ကမ္ဘာလုံးသိပါတယ်။ ကျန်ုပ်ပြောစရာပင် မလိုတော့ပါ။

DVB သည် ပြည်သူကို ကိုယ်စားပြုသော မီဒီယာ ကြီးတစ်ခုဖြစ်သည်မှာ ကျန်ုပ်တို့ မည်သူမှ ငြင်းမရသော အချက်တစ်ခုဖြစ်သည်။ ဟိုးအရင် ဒီဗီဘီ စပေါ်စင်တုန်းက ကျန်ုပ်တို့မှာ များစွာအားရ ကျေနပ်မိကြသည်။ တို့ ပြည်သူတွေအတွက် တကယ်လုပ်မဲ့ မီဒီယာကြီး ၊ တို့ကို နားတွေဖွင့်ပေးမဲ့ မီဒီယာကြီး လို့ ကျန်ုပ်တို့ အမျှော်လင့်ကြီး မျှော်လင့်မိခဲ့သည်။

ဒီဗီဘီအတွက် ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဘယ်လိုပဲ ထောက်ပံ့ကြေးတွေရရ ထိုအကြောင်းကို ကျန်ုပ်တို့ စိတ်မ၀င်စား။ ကျန်ုပ်တို့ စိတ်ဝင်စားသည်မှာ ပြည်သူလူထုကို ဘယ်လောက်ပေးဆက်နိုင်မလဲဆိုသည့် အချက်ကိုသာ စိတ်ဝင်စားသည်။

ဒီဗီဘီ ကြီးကို တည်ထောင်လာသည့်သက်တမ်း ကြာမြင့်လာသည့်တိုင် ဒီဗီဘီရဲ့ အဆင့်မှာ ယခုထိ ပရော်ဖက်ရှင်နယ်မဖြစ်သေး။ ထိုထက်ပိုဆိုးသည်မှာ ဒီဗီဘီရဲ့ တင်ဆက်မှုများသည် ဘာစွဲဆောင်မှုမှမရှိ။ အရားအားလုံးသည် ပျင်းခြောက်ခြောက်နိုင်လှသည်။ သတင်းရဲ့အစ တီးလုံးကို နားထောင်ကြည့်ပါက ပို၍ပင် ဆိုးသေးသည်။ သတင်းတက်ဆက်မှုတွင်လည်း အချိန်တွေမတရားယူထားသည့်အတွက် အချိန်မကုန် ကုန်အောင် တဖြေးဖြေး အေးဆေးပြောနေသလိုပဲ။

အားလုံးထက် အဆိုးဆုံးမှာ ရုပ်မြင်သံကြား အခန်းပင်ဖြစ်သည်။ ကမ္ဘာ့ရုပ်အဆိုးဆုံးများကိုများ ရှာဖွေထားသည့်အလား ထင်မြင်မိသည်။ entertainment ဆိုသည်ကိုပင် မေ့သွားချင်စရာဖြစ်လာသည်။ ဘာဆိုဘာမှ ပြောင်းလဲမှုမရှိ။ တိုးတက်မှုမရှိ။ တခါလာလည်းဒီလူ နောက်တခါလာလည်းဒီလူ။ တိုးတက်မှုရှိလားဆိုတော့ တိုးတက်မှုကနတ္တိ။

ဝေဖန်သူ တချို့က ဒီဗီဘီကို ထားဝယ်သားတွေ သိမ်းထားလိုက်ပြီဟု ပြောဆို ဝေဖန်ကြသည်။ ထိုကိစ္စသည် အဓိကမဟုတ် အဓိကအကြောင်းအရင်းမှာ တိုးတက်ရေးပင်ဖြစ်သည်။ ပြည်သူကို ပေးဆပ်ရေးပင်ဖြစ်သည်။ လက်ရှိ ဒီဗီဘီရဲ့ ပုံစံမှာ ရေသေတစ်ခုလိုဖြစ်နေသည်။ စီးဆင်းမှုလည်းမရှိ ၊ စီးဝင်မှုလည်းမရှိ။ တချို့ရှိသေးသည်။ ဒီဗီဘီရဲ့ ညံ့ဖျင်းမှုကြောင့် ထောင်ထဲရောက်သွားသောသူများ ဒုနဲ့ဒေး။

ဒီဗီဘီ အနေနဲ့ အမြန်ဆုံး ပြုပြင်ပြောင်းလဲရေး လုပ်သင့်သည်။ ပုဂ္ဂိုလ်ဆွဲတွေ စွန့်ပြီး ပြည်သူ့မီဒီယာအတွက် စဉ်းစားသင့်သည့် အချိန်ရောက်နေပြီ။ ဒီလိုမှ မဟုတ်ရင် ဒီဗီဘီသည် နအဖမီဒီယာလို ပြည်သူ့ ချဉ်ဖက်တစ်ခုမျှသာဖြစ်ပြီး နိုင်ငံတကာ ထောက်ပံ့မှုကို ခွဲယူစားသုံးနေသော အလကားခပ်ညံ့ညံ့ နိုင်ငံရေးလုပ်စာသူများ ၊ ကိုယ်ကျိုးစီးပွားရှာဖွေသူများသာ ဖြစ်ပေလိမ့်မည်ဟု ပြည်သူများ သုံးသပ်တွေ့ရှိသွားနိုင်သည်။

မောင်ဆင်ဂါပူ ( သုံးသပ်တင်ပြသည်)