ကျန်ုပ်တို့ရဲ့ ကိုပေါ

ကိုပေါ လို့ ပြောလိုက်ရင်ဖြင့် ဘလော့ဂ်တချို့တွင် အငြင်းသန်သူ ၊ ညဏ်မမီသူတချို့က သူ့ကို နာမည်နဲ့ လိုက်အောင် ပေါသည်ဟု ထောမနာပြုကြသည်။ တကယ်တော့ ကိုပေါသည် မြန်မာပြည်ကို ချစ်သူတစ်ယောက်ဖြစ်သည်။ သူ့ဘလော့ဂ်တွင် နိုင်ငံရေး စိတ်ဝင်စားသူတိုင်း အတွေးရစေမယ့် စာများကို ရေးသားသည်။

ကျန်ုပ်တို့ အဖွဲ့ထဲမှာပင် ကိုပေါရေးသားထားသော စာများကို ကြိုက်သူ မကြိုက်သူ နှစ်မျိုးရှိကြသည်။ ကျန်ုပ်လည်း ကိုပေါ ရေးသားသော စာများကို အားလုံးကြိုက်သည်မဟုတ်။ တချို့အရာများသည် ကျန်ုပ်နှင့် သဘောမတွေ့သည့်အခါ ကိုပေါ အားဝင်ရောက် ဆွေးနွေး ငြင်းခုန်သည်။ ကိုယ်နဲ့ ကြိုက်နှစ်သက်ခြင်း တူသည့်အခါ ကိုပေါအား ချီးကြူးစကားဆိုခဲ့သည်။

ကိုပေါ ဘလော့ဂ်မှ စာများသည် ၇၀% သည် စာဖတ်သူကို စေတနာထားကြောင်းဖော်ပြထားသည်။ ကိုပေါ ဘလော့ဂ်ကို သွားရောက်လည်ပတ်သည့်အခါ ဘယ်တော့မှ အချိန်ကုန်တယ်လို့ ခံစားရလေ့မရှိ။ ကိုပေါသည် သူနှင့် အမြင်မတူသူများကို ဘာကြောင့် အမြင်မတူကြောင်း ရဲတင်းစွား ဆွေးနွေးငြင်းခုံးလေ့ရှိသည်။

သူများဘလော့ဂ်တွင်လည်း သူ့ရဲ့ နာမည် အမှန်နှင့် ပြန်လည် ဆွေးနွေးငြင်းခုန်သလို ၊ သူများ ဘလော့ဂ်တွင်လည်း အမည် အရင်းများဖြင့် ဆွေးနွေးငြင်းခုံလေ့ရှိသည်။ ကိုပေါသည် အခြား ခပ်ညံ့ညံ့ ဘလော့ဂ်ဂါများလုပ်သလို ဘလော့ဂ်များ ၊ စီဘောက်များတွင် ကဗျာကယာ ( လာလည်ပါတယ် ၊ နေကောင်းလား) ကြပ်သရေတုံးသည့် အလုပ်များ လုပ်လေ့လုပ်ထမရှိ။

သူများစာများကို လေးလေးစားစားဖတ်သလို အမြင်မတူသည့်အခါ လေးလေးစားစား ဆွေးနွေးငြင်းခုန်လေ့ရှိသည်။

သာကီး ( သုံးသပ်တင်ပြသည်)

4 comments:

okn said...

မြှောက်ပင့်၍ ပြောချင်မဟုတ် (ပိုက်ဆံမရမည့် အတူ) ကိုပေါ နှင့်ပါတ်သတ်၍ သုံးသပ်ချက်ကို များစွာ နှစ်သက်မိပါ ကြောင်း...

လေးစားစွာဖြင့်

ကျော်နိုင်

sosegado said...

တို့ ထုတ်နုတ် တင်ပြထားသော မဟာဂန္ဓာရုံဆရာတော်၏ သြ၀ါဒ ကို ဒီblog မှာ တင်ပြပေးသည့် အတွက် ကျေးဇူး တင်ပါသည်။ sosegado1

ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ said...

ကျန်ုပ်တို့လည်း အကို့ အားကျေးဇူးအထူးတင်ရှိပါသည်။

zmm said...

ဒီဘလော့က ကိုယ့်ရဲ့ခံယူချက်အတိုင်း ရေးသားနေတာ ကောင်းတယ်/မကောင်းဟု ဝေဖန်ချင်၍ ဒီကွန်မန့်ကို ရေးခြင်းမဟုတ်ပါ။

ဒါပေမယ့် မိမိအလှည့် ဘယ်တော့ ရောက်မလဲဟု လာဖတ်နေတာပါ။ ဟီး။

ဘာပြောပြော စာရေးတယ်ဆိုတာ အတွေးအခေါ်တော့ နည်းနည်းသုံးရတာပါပဲ။ ဒီဘလော့ကို တည်ဆောက်ရေးသားဖို့ အတွေးပေါ်တာနဲ့တင် ခင်မင်လေးစားပါတယ်။ ဘာလို့လဲဆိုတော့ ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစား ဆိုတဲ့ မြန်မာစကား ရှိတာကိုး။

သို့အတွက်ကြောင့်

ရိုသေလေးစားလျက်

မောင်စေတနာ
www.mgsaytanar.blogspot.com