ရန်ကုန်ပြန်ရောက်တုန်း ကျောင်းတုန်းက မြန်မာစာ သင်တဲ့ ဆရာတစ်ယောက်နဲ့ မြေနီကုန်းမှာ ကားဝပ်ရှော့သွားရင်း တွေ့ဖြစ်လိုက်တယ်။ ဆရာကို မတွေ့တာ သုံးနှစ်နီးပါးလောက်ရှိပြီ။ ဆရာကလည်း တပည့်ဆိုးလေးတွေကို သိပ်ချစ်တယ်ထင်ပါတယ်။ တွေ့တွေခြင်းပဲ အားရပါးရ ဖတ်ပြီးနူတ်ဆက်ပါတယ်။ နိုင်ငံခြားက အကြောင်းတွေမေး သူလည်း ဒီက အကြောင်းတွေပြောရင်း တစ်နာရီနီးပါးလောက် ကြာသွားတယ်။ လေဆိပ်က ၀ယ်လာတဲ့ ချီးစ်ပတ်စ် တစ်လုံးကို ဆရာနဲ့ အိမ်မှာ အတူတူသောက်ကြတယ်။

ပထမတော့ဆရာကို ရှိန်တာကြောင့် မသောက်ပါဘူး။ ဆရာ့ကိုပဲ ငှဲ့ပေး ကိုယ်က ဘေးနားကစကားပြောပေါ့။ နောက်တော့ ဆရာလည်း ထမေးပါတော့တယ်။ မင်းက မသောက်ဘူးလားတဲ့။ ကိုယ်သောက်ချင်နေတာလည်းဆရာက သိတယ်ထင်ပါတယ်။ သောက်ပေါ့ကွ။ မင်းလည်း အသက်ပြည့်နေတဲ့သူတစ်ယောက်ပဲ။ မာစတာ သွားတက်နေတဲ့ကောင်ပဲကွာ။ မင်းမှာ ဦးနှောက်ရှိပါတယ်။ မင်းရင်ထဲမှာ ငါ့ကို respect ရှိရင်တော်ပါပြီ။ ချကွာတဲ့။

စကားတွေလည်း ဟိုးအရင်တုန်းကအကြောင်းတွေသာ ပြောဖြစ်ကြပါတယ်။ ငယ်ငယ်တုန်းက ကျနော်တို့ ဘယ်လို ဆိုးတဲ့အကြောင်းတွေပြော ရယ်လည်းရယ်။ ဆရာကမြန်မာစာ ဆရာဆိုတော့ မြန်မာစာပေတွေအကြောင်း တော်တော်ပြောပြပါတယ်။ ကျနော်လည်းစကားပြောနေရင်း ကျနော်တို့ ဇတ်လိုက်ကျော် ဆိုးသူမ ခင်ဦးမေ အကြောင်းစဉ်းစားမိသွားတယ်။ အဲ့ဒါနဲ့ ကွန်ပြူတာကို ယူ သူ့မ ဘလော့ဂ်ကို ဆရာ့ကိုပြလိုက်တယ်။ ဒါက ဘာလဲကွ။ ဘလော့ဂ်ပါဆရာ။

ဘေလာ့ဂ္ဂါဆုိတာဒါလားကြတဲ့။ ကျနော့်လက်ထဲက မောက်စ်ကို ဆွဲယူပြီး ဆရာလည်းတောင်နှိပ် မြောက်နှိပ် လုပ်ပါတော့တယ်။ ပါးစပ်ကလည်း တရွတ်ရွတ်နဲ့။ ခေါင်းကလည်း တခါခါနဲ့ ဆရာ့ကြည့်ရတာ ဘာကို တစ်ခုခုကို အလိုမကျတဲ့ပုံပေါက်နေတယ်။

ဒီကောင်မက ဘယ်မှာနေတာလဲတဲ့။ အစမရှိ ရုတ်တရက်ကြီး ထမေးတော့ ကျနော်လည်း ဘာဖြေရမှန်းကို မသိဘူး။ ဘာလို့လဲဆရာလို့ ပြန်မေးတော့ ဒီကောင်မက ဘလော့ဂ်ဂါလားတဲ့။ သူ့ကိုသူတော့ ဘလော့ဂ်လိုတော့ ပြောတာပဲ။ ပြီးတော့ ပရော်ဖတ်ရှင်နယ် ဘလော့ဂ်ကို လုပ်တာပဲလို့ သူပြောတာပဲလို့ ဖြေလိုက်တယ်။

ပါးစပ်ကနေ တောက် ကနဲ့ ဆိုတဲ့ တောက်ခေါက်သံတစ်ချက်ထွက်လာတယ်။ နေစမ်းမှာအုန်း ဒီကောင်မက ဗမာစာမရေးတက်ဘူးလားတဲ့။ ဒီကောင်မက ဗမာစာကို ရေးချင်သလို ရေးရအောင် သူ ဘာအဆင့်ရှိလို့လဲတဲ့။ အမှန်တိုင်းပြောရရင် ခင်ဦးမေ ဘာအဆင့်ရှိလဲဆိုတာတော့မသိဘူး။ သူ့ပိုစ့်တွေကို ဖတ်လိုက်တိုင်း လေဘေး အသုတ်ဆိုင် တွေအကြောင်းက အများသားဆိုတော့ သူ ဘယ်အဆင့်လဲ အမှန်တကယ်မသိပါဘူး။ ပိုစ့်တချို့မှာ သူ့ပတ်ဝန်းကျင်က လူတချို့ကို ထမိန်တစ်ကွင်းလောက် လက်ဆောင်ပေးလိုက်ရင် တော်တော် ပြောကြသားတဲ့။

ကျနော်လည်း အဲ့ဒီလောက်ပဲသိတာပဲ ။ ရပြီ ရပြီတဲ့။ လက်ကလေး တကာကာ ပြောရင်း ဆရာတော်တော် စိတ်ဆိုးနေတယ်။ တော်တော် သောက်သုံးမကျတဲ့ မိန်းမပဲတဲ့။ ရေးထားတဲ့အကြောင်းအရာတွေကလည်း ဘာအဆင့်မှမရှိ။ အထူးသဖြင့် ဗမာစာကို ရေးချင်သလိုရေးနေတာ အဆိုးဆုံးပဲတဲ့။ ဒီလို မိန်းမမျိုတွေပေါ့ အမျိုးဖျတ် သာသနာဖျတ်ဆိုတာ။

ကိုယ်လုပ်တာ ဘယ်ရောက်လို့ရောက်နေမှန်းမသိ။ ကိုယ့်ကို ဘာမှန်းမသိတဲ့ မိန်းမမျိုတဲ့။ ကျနော်လည်း ဆရာ့ပါးစပ်က ဒီမျိုးတွေကြားရတာ တော်တော်လေး အံ့သြမိတယ်။ တကယ်တော့ ဆရာက လူအေး လူရိုးပါ။ သူမှန်တယ်ထင်ရင် ပညာရေးမှုးတောင် ကိုင်တုတ်တဲ့လူစားမျိုး။

နောက်ဆုံးကျနော်လည်း ပြမိတဲ့အတွက် မှားသွားတယ်ဆိုတာ သိလိုက်ရတယ်။

ညီနေမင်း သို့ ပေးစာ

ကိုညီနေမင်း ရေ

မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကိုညီနေမင်းနဲ့ ပတ်သက်တဲ့ စာတွေရောက်ရောက်လာလို့ ပေးစာတစ်စောင်လောက်ရေးလိုက်ပါတယ်။ ထိုစာတွေ အားလုံးကို အတိုချုံ့ ပြောပြရရင် ကိုညီနေမင်း ဆီကို နားမလည်တဲ့ အကြောင်းလေးတွေ ၊ ဒေါင်းလော့လုပ်တဲ့အခါ အဆင်မပြေတာလေးတွေကို ပြန်မေးတဲ့အခါ ကိုညီနေမင်းဆီက ဘာမှ တုန့်ပြန်သံမကြားရ တော့ လူတချို့ က စိတ်ဆိုးကြတယ်ထင်ပါတယ်။

ကျန်ုပ်အမြင်မှာလည်း ကိုညီနေမင်း လုပ်နေတဲ့အလုပ်ဟာ ဂျီးတော်နွား အငှားကျောင်းတဲ့ အလုပ်ပါပဲ။ တပြားတချပ်မှ မရပါဘူး။ အချိန်ကုန်ခံ ၊ လူပင်ပန်းခံပြီး ဖိုရမ် ၊ တခြားသော နိုင်ငံခြား ဘလော့ဂ်တွေကို လှည့်ပြီး ဆော့ဝဲတွေ ဒေါင်းရ ပြန်တင်ရ ကိုညီနေမင်းလည်း အလုပ်တော်တော်ရှုပ်မှာပါ။


တကယ်တော့ ကိုညီနေမင်း တင်ထားတဲ့ တော်တော်များများ ဆော့ဝဲတွေ ၊ နည်းပညာတွေဟာ ကိုညီနေမင်း လက်ရာမဟုတ်မှန်း ဖိုရမ်တိုင်းကို လှည့်နေတဲ့ သူတိုင်းသိပါတယ်။ ကိုညီနေမင်းအနေနဲ့ ဂူဂယ်ကို အားကိုးပြီး နည်းပညာတွေကို ဖြန့်ဝေပေးတာ ကျန်ုပ်တို့ နားလည်ပါတယ်။ ပြီးတော့ တချို့သော နည်းပညာတွေကို ကိုညီနေမင်းရှာလို့မတွေ့လို့ အကြောင်းမပြန်တာလို့ ကျန်ုပ်တို့ ခန့်မန်းမိပါတယ်။

ထိုအခါ စာဖတ်သူတချို့ က ကိုညီနေမင်းသည် မာနကြီးသည် ၊ ဘာဖြစ်သည်လို့ စွတ်စွဲကြပါတယ်။ တကယ်တော့ ကိုညီနေမင်း ရဲ့ တုန့်ပြန်ပုံ မှားယွင်းနေတယ်လို့ ခံစားမိပါတယ်။ ကိုညီနေမင်းအနေနဲ့ ကိုယ်တင်တဲ့ ပိုစ့်တိုင်းကို တာဝန်ယူသင့်ပါတယ်။ ကိုယ်မသိရင် မသိဘူးလို့ပြော၊ မအားရင် မအားဘူးလို့ လေးလေးစားစား တုန့်ပြန်သင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ပဲ ကွန်မန့် ကြတော့ အပရု လုပ်နိုင်ပြီး ၊ မေးထားတဲ့ ကိစ္စကြတော့ မဖြေခြင်းဟာ ကိုညီနေမင်းရဲ့ စာဖတ်သူကို စော်ကားရာလည်းရောက်ပါတယ်။

နောက်တစ်ခုက ကိုညီနေမင်း တင်ထားတဲ့ ဆော့ဂ်ဝဲတွေ နည်းပညာ တွေကို မူရင်းဆိုဒ်လေးပါ ထည့်ပေးစေချင်ပါတယ်။ လိုအပ်ရင် ငါ့ဆီပဲလာ ငါ့ကိုပဲမေးဆိုတဲ့ လုပ်ရပ်တွေဟာ အင်မတန်မှ စိတ်ပျတ်စရာကောင်းပါတယ်။ ကိုညီနေမင်းက အဲ့ဒီလို မရည်ရွယ်ပေမယ့် ကိုညီနေမင်း လုပ်ရပ်ဟာ အဲ့ဒီပုံပေါက်နေတယ်လို့ ခံစားမိပါတယ်။ အဲ့ဒီလိုမျိုး မူရင်းလေး ထည့်ပေးခြင်းအားဖြင့် ကိုညီနေမင်းလည်း ဂုဏ်တက်ပါတယ်။ မူပိုင်ခွင့်ကိုလည်း လေးစားရာရောက်ပါတယ်။ တခြားစိတ်ဝင်စားသူတွေလည်း နောက်တစ်ချိန်လိုအပ်တဲ့အခါ ကိုယ့်ဟာကို ရှာနိုင်ဖွေနိုင်သွားမှာပါ။

အားလုံး အဆင်ပြေပြေလေး ဖြစ်စေချင်ပါတယ်။

မောင်ဘ ( စီစဉ်တင်ဆက်သည်)



ကူမှတ်တမ်း တဲ့လား





စာမေးပွဲကလည်းပြီးသွားပြီ ဖြစ်တာကြောင့် အင်တာနက်စာမျက်နှာတွေကို အေးအေးဆေးဆေးလိုက်ကြည့်မိသည်။ အထူးသဖြင့် ကျန်ုပ်အများဆုံးကြည့်သည့် ဆိုဒ်များမှာ မြန်မာသတင်း ၊ ဂျာနယ် များဖြစ်သည်။ First-11 မှာပါတဲ့ ဘလော့ဂ်ဂါအကြောင်း ဘလော့ဂ်တွေအကြောင်းလေး ဖတ်မိတော့ နဲနဲတော့ တွေးမိပြုံးမိတယ်။ တချို့ အရေးသားတွေက ကျန်ုပ်တို့ နာမည်ကြီး ဘလော့ဂ်ဂါကြီးကိုများ စောင်းရေးထားသလား ထင်မြင်မိတယ်။


ဆောင်းပါးရှင်ရဲ့ အရေးအသားတွေ က ရှင်းလင်မှုမရှိလှဘူး။ စိတ်မှာ မတွေ့တာကိုပဲ ပတ်တုတ်ချင်တာလား ၊ နည်းပညာကို စိန်ခေါ်စေချင်တာလား၊ ဘာသာပြန်ကိစ္စကို ချပြချင်တာလား မသဲကွဲဘူး။ သူ့ကတော့ အားလုံးကို ချပြချင်ပုံပေါက်တယ်။

စာရေးသူရဲ့ ဘာသာပြန်ပုံကို မြင်မိတော့ တလောက ဖိုရမ်မှာ မြန်မာ ၀င်းဒိုးအကြောင်းကို ပြောကြ ဆွေးနွေးတုန်းက တစ်ယောက်သောသူက မြန်မာစာတွေဟာ ဘာသာပြန်ရတာ ခက်ခဲလှတဲ့အကြောင်းပြောရင်း ဥပမာလေးတစ်ခု ပြောသွားတယ်။ "" ဥပမာဗျာ ၀င်းဒိုးကို ဘာသာပြန်တဲ့အခါ ပြတင်းပေါက်လို့ ဘာသာပြန်ရင်မခက်ဘူးလားတဲ့။ ကျန်ုပ်မှာ ပြုံးမိ ပါတယ်။ သူ့ အနေအထားနဲ့ ၀င်ပြောတာပဲ။ သူသိသလောက် ၀င်ပြောတာပဲ လို့ နားလည်ပေးလိုက်မိတယ်။

အခုတော့ ကူမှတ်တမ်း ဆိုတာလေး မြင်ရဖတ်ရတော့ ပိုပြီးတော့ ရယ်ချင်လာတယ်။ အော် ဘာရယ်မဟုတ် ဟာသ စာလုံးလေး တစ်လုံး ဖတ်ရသလိုပဲ။ သူ့ခမျာ အောက်စ်ဖို့လည်းဆွဲခေါ်ရှာပါတယ်။ ကျနော်တောင် ရယ်မိရင် ဘာသာပြန်ဆရာတွေ ဘယ်လောက်များ ရယ်လိမ့်မလဲဆိုတာ တွေးမိပါတယ်။

ကျန်ုပ်တို့ မြန်မာ ပြည်မှာ တက်ယောင်ကားတွေ ဘယ်လောက်များ ပေါနေသလဲဆိုလေးကို တွေးမိပါတယ်။ ဆောင်းပါးတစ်ခုလုံးရဲ့ အရေးအသားတွေက ဘလော့ဂ် ပိုစ့်ငါးခုလောက်ကို ဖတ်ရသလိုမျိုးပဲ။ ကိုယ်ပိုင်မူပေါ်မလာပဲ ဖတ်မိသမျှတွေကို ကိုယ့်အာဘောရောင်ရောင် လုပ်ထားသလိုပါပဲ။ ဘာသာပြန်ပုံကိုကြည့်လိုက်ရင်လည်း အဘိဓာန်ထဲမှာဘာသာပြန်ထားတဲ့အတိုင်းကို ကိုယ့်အာဘော်လေး ထည့်ထားသလိုမျိုးပဲ။

ဒီလို ဆောင်းပါးမျိုးအတွက် ပိုက်ဆံတာ ပေးဖတ်ရရင် အဲ့ဒီစာစောင် မဆုံးခင် အိမ်သာမှာ အရင်သုံးမိပစ်မှာ သေချာသည် ။



ဘေလာ့ဂ္ဂါ တဲ့လား :)


အင်တာနက်စာမျက်နှာများပေါ်တွင် စာများရေးခြင်းကို ဘလော့ဂ်ဂင်းလုပ်သည်ဟု ခေါ်လျှင် ထိုစာမျက်နှာများပေါ်တွင် စာရေးသားသောသူများကို ဘလောဂ်ဂါဟုခေါ်ပါသလား။ ကျန်ုပ်တို့ မြန်မာ ဘလော့ဂ်ဂါလောကကြီးသည် အခက်အခဲ အတားအဆီးတွေကြားမှ တဖြည်းဖြည်း အရှိန်အဟုန်ကောင်းစွာ ချီတက်လာနေပြီ။ နောင်တချိန်မြန်မာပြည်တွင် အင်တာနက်များမြန်ဆန်လာသောအခါ ၊ ဘလော့ဂ်ဂါကြီးကို လွယ်လွယ်ကူကူ သုံးစွဲခွင့်ရလာသောအခါကြရင် မြန်မာဘလော့ဂ်ဂါ လောကကြီးသည် ယခုအထက် ပို၍ပို၍ စည်ပင်လာမှာ အသေအချာပင်ဖြစ်သည်။

ထိုအခါ ယခုထက် ပို၍ ရှုပ်ထွေးစရာ ကိစ္စများ ပေါ်ပေါက်လာမှာ မလွဲပင်ဖြစ်သည်။ ကျန်ုပ်တို့ မြန်မာ ဘလော့ဂ်လောကကြားတွင် ဘာသာပြန်ကိစ္စများ ၊ သက်မှတ်ချက်များကို ရဲရဲရင့်ရင့် သက်မှတ်ထားခြင်းမရှိသေးသည်မှာ စိတ်မရွှင်လန်းစရာကောင်းလှသည်။ အီးမေးအကောက်တစ်ခုရှိရုံ လောက်နှင့် ဘလော့ဂ်တစ်ခုပိုင်ဆိုင်ပြီး ထိုပိုင်ရှင်ကို ဘလော့ဂ်ဂါဟု ခေါ်ဆိုသည်မှာ အင်မတန်မှ ရယ်စရာကောင်းပြီး တခြားဖက်မှလည်း စိတ်ပျက်စရာကောင်းလှသည်။

ကျန်ုပ်တို့သည် ၀ါသနာအရ စာများရေးချင်သောအခါ မိမိကိုယ်ပိုင် ဗလာစာအုပ်ပေါ်တွင် ရေးခြစ်ကြသည်။ မိမိရဲ့ အရေမရ အဖတ်မရများကို ဒိုင်ယာရီထဲတွင်ရေးမှတ်သောအခါ ထိုအခြင်းအရာကို စာရေးခြင်းဟုသက်မှတ်ကြသည်။ ထိုအရာကို ဖန်တီးသူသည် စာရေးသူဟု ခေါ်ဆိုသက်မှတ်ကြပြန်သည်။

ကမ္ဘာပေါ်တွင် စာရေးဆရာများသည် ထိုကဲ့သို့ လုပ်ဆောင်ကြသည်။ အရေးသားကောင်းတာ မကောင်းတာအပထား ၊ ထိုသူများသည်လည်း ကျန်ုပ်တို့လုပ်ဆောင်သကဲ့သို့ပင် စာအုပ်များပေါ်တွင် ရေးခြစ်ကြသည်။ ထိုသူများကို စာရေးဆရာဟု ခေါ်ဆိုသက်မှတ်သည်။ သူတို့လည်း စာရွက်ပေါ်တွင်စာရေးသည် ၊ ကျန်ုပ်တို့လည်း စာရွက်ပေါ်တွင်စာရေးသည်။ ဘာများကွာခြားကြသလဲ။ ကျန်ုပ်တို့သည်လည်း စာရေးသူ ၊ စာရေးဆရာများဟု မဖြစ်သင့်ကြပေးဘူးလား။

ကျန်ုပ်တို့အဖွဲ့သည် ထိုအကြောင်းအရာကို အားလုံးထိပ်တိုက်တွေ့ဆုံ၍ ဆရာကြီး (ခေတ္တကျွန်းပေါ်) နှင့် အမေးအဖြေ တစ်ခုပြုလုပ်ခဲ့ကြသည်။

ဘလော့ဂ်ဂင်းလုပ်တယ် ဆိုတာ ဘာလဲ?

ဘလောဂ့်ဂင်းလုပ်တယ်ဆိုတာ အကြမ်းအားဖြင့် ပြောရရင် အင်တာနက်စာမျက်နှာပေါ်မှာ စာရေးသားခြင်းကို ဆိုလိုတာပဲလေ။

အဲ့ဒါဆို ဘလော့ဂ်ဂါဆိုတာ ဘယ်သူတွေလဲ?

ဘလော့ဂ်ဂါဆိုတာ အဲ့ဒီစာမျက်နှာတွေပေါ်မှာ စာရေးတဲ့သူတွေကို ဘလော့ဂ်ဂါလို့ခေါ်တာပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကိုယ်ရေးတဲ့ စာပေါ်မှာ မူတည်ပြီး ဘလော့ဂ်ဂါလို့ သတ်မှတ်ခံရတယ်။ (ဥပမာ ) မင်းလည်း ဒိုင်ယာရီရေးတယ်။ မင်းလည်း ဘောပင်နဲ့စာရွက်ကို အသုံးပြုတယ်။ အဲ့ဒီလိုပဲ ဆရာ တဂိုး ၊ ဆရာ မြသန်းတင် သူတို့လည်းစာရွက်ပေါ်မှာ စာရေးတဲ့သူတွေ။ ဘာလို့ သူတို့ကြတော့ စာရေးဆရာအဖြစ်ခေါ်ကြပြီး မင်းကိုကြတော့ မခေါ်ကြလဲ။ ဒါဟာ ရှင်းရှင်းလေးပဲ။ မင်းက ရေးချင်တာတွေရေး ၊ အရေမရ အဖတ်မရတွေရေး တကယ်တော့မင်းလုပ်နေတာက ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ စကားကိုသုံးရရင် မင်းက စိတ်အယားဖြေနေတာ။
ဟိုဆရာကြီးတွေက လူထုကို အကျိုးဖြစ်စေမယ့် အရာတွေကိုဖန်တီးနေတာ။

အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် ဘလော့ဂ်ဂါလို့ သတ်မှတ်ခံချင်ရင် ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ အတွက် ဘာများပေးဆောင်နေသလဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရတယ် ။ မင်းဟာ နည်းပညာတွေကို ဖြန့်ဝေနေသလား။ သတင်းအချက်အလက်တွေကို ဖြန့်ဝေနေတာလား ၊ မင်းဟာ အတွေးရစေမဲ့အရာများကို ရေးနေတာလား မင်းဟာ မင်းတက်ကျွမ်းတဲ့ ဘာသာတစ်ခုကို ချပြနေတာလား။အဲ့ဒီလိုမှ မဟုတ်ပဲ အရေးအသားတွေက အရေမရ အဖတ်မရ တိုင်းပြည်လူမျိုးအတွက် ဘာဆိုဘာမှမပေးတဲ့ အရေးအသားမျိုးကိုရေးပြီး ဘလော့ဂ်ဂါလို့ သတ်မှတ်ခံချင်ရင် မင်းဟာ အချောင်သမားပဲဖြစ်မယ်။ အဲ့ဒါကြောင့် ဘလော့ဂ်ဂါဆိုတာ သူလုပ်နေတဲ့ အလုပ်အပေါ်မူတည်ပြီး သက်မှတ်ခြင်းခံရတယ်။

နောက်တစ်ခုက ကဗျာရေးတဲ့ ဘလော့ဂ်ဂါတွေကို ဘယ်လို မြင်လဲ?

ဒါက ရှင်းရှင်းလေးပဲ။ ကဗျာဆိုတာ လူပိန်းတွေနားမလည်ဘူး။ ပြီးတော့ ကဗျာရေးတာ ထင်သလောက်မလွယ်ဘူး။ သူတို့က ကဗျာ ဘလော့ဂ်ဂါလို့ သတ်မှတ်နိုင်တယ်။

အခုဆို တော်တော်များများကိုတွေ့နေရတယ်။ သတင်းဆိုဒ်တွေက သတင်းတွေကို ယူပြီး ဘလော့ဂ်တည်ဆောက်ထားတယ်။ သူတို့ကို သတင်းဘလော့ဂ်ဂါလို့ သတ်မှတ်လို့ရမလား?

အဲ့ဒါတွေကို ငါတို့က သတ်မှတ်လို့မရဘူး။ သူတို့ကိုသူတို့ သတ်မှတ်ရတာ။ သူတို့ခံယူချက်က အဓိကပဲ။ အများပြည်သူ အလွယ်တကူဖတ်နိုင်အောင်ပြုလုပ်ပေးတာလို့ သတ်မှတ်ထားရင် ဒါဟာ ကျေးဇူးတင်စရာကောင်းတယ်။ဒါပေမဲ့ အဲ့ဒီအပေါ်မှာ အခွင့်အရေးယူပြီး ငါလည်း ဘလော့ဂ်ဂါပဲလို့ ဟစ်ကျွေးမယ်ဆိုရင် အဲ့ဒီလူဟာ အခွင့်အရေးသမားပဲ။ ပြီးတော့ သူများ အုံးနှောက်ကို ဖောက်စားတဲ့ကောင်ပဲ။


သာကီး (စပ်စုတင်ပြသည်)

စကားစမြည်ပြောခဲ့ခြင်း

မနေ့ညကမှ အားလုံး စကိုက်မှာ ဆုံဖြစ်တယ်။ ကျောင်းစားတဖက်ရယ် ၊ အလုပ်တဖက်ရယ်ကြောင့် အွန်လိုင်းလေးတောင်မတက်ဖြစ်ခဲ့ဘူး။ ဆရာကြီးက မလေးရှားကနေ ရောက်ရောက်ခြင်း ဖုန်းကနေ မက်ဆေ့စ် ပို့လိုက်တယ်။ ည စကိုက်ကိုလာခဲ့တဲ့။ ရောက်သွားတော့ အားလုံးဆုံနေပြီ။

ဆရာကြီးကတော့ ပြောပါတယ်။ မင်းတို့ကြောင့် သူတို့ခမျာမှာ နာမည်တွေ တောင်ကြီးသွားကြပြီ။ အကယ်၍သာ သူတို့မှာအကောင်းမြင်တဲ့ စိတ်ကလေးရှိရင် မင်းတို့ကို ဆုမွန်ကောင်းတောင်းမှာပဲ။ မင်းတို့ကြောင့် လာလည်သူတွေများလာတယ်။ မင်းတို့ကြောင့်ပဲ လူတွေရဲ့ ချစ်ခင်ကြင်နာမှုကို ရခဲ့ကြတယ်။ မင်းတို့ကြောင့်ပဲ တစ်သက်လုံးက ထုတ်ဖော်ပြချင်နေတဲ့အရာတွေ ထုတ်ဖော်ပြလာခွင့်ရသွားကြတယ်။

သူတို့က မင်းတို့ကို ဘယ်လိုတုန့်ပြန်သလဲဆိုတာသာစောင့်ကြည့်။ သူတို့က ခပ်ညံ့ညံ့ စိတ်ဓတ်နဲ့ အတွေးခေါ်ကိုပိုင်ဆိုင်ရင် မင်းတို့ကို စိတ်ဆိုးလိမ့်မယ်။ မင်းတို့ကို လက်ညှိုးထိုးပြပြီး လူတွေဆီကို အသနားခံမယ်။ ဒါတွေက ခပ်ညံ့ညံ့ လူတန်းစားတွေလုပ်တဲ့အလုပ်ပဲ။ နောက်တစ်ခုက မင်းတို့ မိန်းမတွေကို ဝေဖန်ထောက်ပြမယ်ဆိုရင် သတိထားတဲ့။ အထူးသဖြင့် ကျော်ကြားမှုကို ရူးသွပ်တဲ့သူတွေဆို ပိုသတိထားတဲ့။ သူတို့ရဲ့ဘေးနားမှာ ကြာကူလီ ၊ နာဘူးတွေအများကြီးရှိတယ်။ မျက်နှာလို မျက်နှာရ နဲ့ ခိုင်းစရာမလိုပဲ နာဘူးထပြီး လုပ်ပေးမယ့်ကောင်တွေအများကြီးတဲ့။ တကယ်တော့ သူတို့က မင်းတို့ ဝေဖန်လောက်အောင် အဆင့်မရှိဘူးတဲ့။

ဆရာကြီးနဲ့ စကားပြောရတာ အင်မှတန်ကိုမှ ဗဟုသုတရတယ်။ သူက ကျန်ုပ်တို့ အဖွဲ့ထဲမှာ ဆရာကြီးနာမည် ယူထားပေမယ့် အသက်တွေက အားလုံးမတိမ်းမယင်းပါပဲ။ စာလည်းအလွန်ဖတ်တယ်။ ဘာလိုလိုနဲ့ မနေ့ညက စကားတွေပြောကြတာ မနက်သုံးနာရီထိုးသွားတယ်။

ကျန်ုပ်တို့ အားလုံးက မလုပ်ခင်ထဲက သဘောတူညီမှု ယူထားကြတယ်။ ဆဲရေးတိုင်းထွာမလုပ်ရ ၊ သူများစီဘော့က်များတွေ ရေးသားခြင်းမပြုရ၊ အဲ့ဒီ အခြေခံ အဆင့်လေးတွေကအစ သဘော့တူညီထားကြတယ်။ ကိုယ်ကိုတိုင် ဒီလို ဘလော့ဂ်မျိုးထဲပါဝင်မှ တော်တော်လေး ဗဟုသုတ ရခဲ့တယ်။ မသိတာတွေလည်း သိခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ဂ်လေးကို လုပ်ရတာ လုပ်ရကျိုးနပ်တယ်။

မောင်ဆင်ဂါပူ

ပြည်သူ ချစ်သော DVB


အကယ်၍သာ တစ်စုံတစ်ယောက် ကျန်ုပ်ကို ကမ္ဘာ့အညံ့ဆုံး သတင်းမီဒီယာသုံးခုကို ဖော်ပြပါဆိုရင် ကျန်ုပ်အရင်ဆုံး အားတက်သရော ဖော်ပြမယ့် သတင်းမီဒီယာသုံးခုမှာ ၁။ မြန်မာ့အသံ ၂။ မြ၀တီ ၃။ အတိုက်အခံမှ ဒီဗီဘီ တို့ဖြစ်သည်။ နအဖ အဆိုးရ ရဲ့ သတင်းမီဒီယာအကြောင်းကတော့ တစ်ကမ္ဘာလုံးသိပါတယ်။ ကျန်ုပ်ပြောစရာပင် မလိုတော့ပါ။

DVB သည် ပြည်သူကို ကိုယ်စားပြုသော မီဒီယာ ကြီးတစ်ခုဖြစ်သည်မှာ ကျန်ုပ်တို့ မည်သူမှ ငြင်းမရသော အချက်တစ်ခုဖြစ်သည်။ ဟိုးအရင် ဒီဗီဘီ စပေါ်စင်တုန်းက ကျန်ုပ်တို့မှာ များစွာအားရ ကျေနပ်မိကြသည်။ တို့ ပြည်သူတွေအတွက် တကယ်လုပ်မဲ့ မီဒီယာကြီး ၊ တို့ကို နားတွေဖွင့်ပေးမဲ့ မီဒီယာကြီး လို့ ကျန်ုပ်တို့ အမျှော်လင့်ကြီး မျှော်လင့်မိခဲ့သည်။

ဒီဗီဘီအတွက် ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဘယ်လိုပဲ ထောက်ပံ့ကြေးတွေရရ ထိုအကြောင်းကို ကျန်ုပ်တို့ စိတ်မ၀င်စား။ ကျန်ုပ်တို့ စိတ်ဝင်စားသည်မှာ ပြည်သူလူထုကို ဘယ်လောက်ပေးဆက်နိုင်မလဲဆိုသည့် အချက်ကိုသာ စိတ်ဝင်စားသည်။

ဒီဗီဘီ ကြီးကို တည်ထောင်လာသည့်သက်တမ်း ကြာမြင့်လာသည့်တိုင် ဒီဗီဘီရဲ့ အဆင့်မှာ ယခုထိ ပရော်ဖက်ရှင်နယ်မဖြစ်သေး။ ထိုထက်ပိုဆိုးသည်မှာ ဒီဗီဘီရဲ့ တင်ဆက်မှုများသည် ဘာစွဲဆောင်မှုမှမရှိ။ အရားအားလုံးသည် ပျင်းခြောက်ခြောက်နိုင်လှသည်။ သတင်းရဲ့အစ တီးလုံးကို နားထောင်ကြည့်ပါက ပို၍ပင် ဆိုးသေးသည်။ သတင်းတက်ဆက်မှုတွင်လည်း အချိန်တွေမတရားယူထားသည့်အတွက် အချိန်မကုန် ကုန်အောင် တဖြေးဖြေး အေးဆေးပြောနေသလိုပဲ။

အားလုံးထက် အဆိုးဆုံးမှာ ရုပ်မြင်သံကြား အခန်းပင်ဖြစ်သည်။ ကမ္ဘာ့ရုပ်အဆိုးဆုံးများကိုများ ရှာဖွေထားသည့်အလား ထင်မြင်မိသည်။ entertainment ဆိုသည်ကိုပင် မေ့သွားချင်စရာဖြစ်လာသည်။ ဘာဆိုဘာမှ ပြောင်းလဲမှုမရှိ။ တိုးတက်မှုမရှိ။ တခါလာလည်းဒီလူ နောက်တခါလာလည်းဒီလူ။ တိုးတက်မှုရှိလားဆိုတော့ တိုးတက်မှုကနတ္တိ။

ဝေဖန်သူ တချို့က ဒီဗီဘီကို ထားဝယ်သားတွေ သိမ်းထားလိုက်ပြီဟု ပြောဆို ဝေဖန်ကြသည်။ ထိုကိစ္စသည် အဓိကမဟုတ် အဓိကအကြောင်းအရင်းမှာ တိုးတက်ရေးပင်ဖြစ်သည်။ ပြည်သူကို ပေးဆပ်ရေးပင်ဖြစ်သည်။ လက်ရှိ ဒီဗီဘီရဲ့ ပုံစံမှာ ရေသေတစ်ခုလိုဖြစ်နေသည်။ စီးဆင်းမှုလည်းမရှိ ၊ စီးဝင်မှုလည်းမရှိ။ တချို့ရှိသေးသည်။ ဒီဗီဘီရဲ့ ညံ့ဖျင်းမှုကြောင့် ထောင်ထဲရောက်သွားသောသူများ ဒုနဲ့ဒေး။

ဒီဗီဘီ အနေနဲ့ အမြန်ဆုံး ပြုပြင်ပြောင်းလဲရေး လုပ်သင့်သည်။ ပုဂ္ဂိုလ်ဆွဲတွေ စွန့်ပြီး ပြည်သူ့မီဒီယာအတွက် စဉ်းစားသင့်သည့် အချိန်ရောက်နေပြီ။ ဒီလိုမှ မဟုတ်ရင် ဒီဗီဘီသည် နအဖမီဒီယာလို ပြည်သူ့ ချဉ်ဖက်တစ်ခုမျှသာဖြစ်ပြီး နိုင်ငံတကာ ထောက်ပံ့မှုကို ခွဲယူစားသုံးနေသော အလကားခပ်ညံ့ညံ့ နိုင်ငံရေးလုပ်စာသူများ ၊ ကိုယ်ကျိုးစီးပွားရှာဖွေသူများသာ ဖြစ်ပေလိမ့်မည်ဟု ပြည်သူများ သုံးသပ်တွေ့ရှိသွားနိုင်သည်။

မောင်ဆင်ဂါပူ ( သုံးသပ်တင်ပြသည်)

တစ်မောင်တည်း ရှိတယ်နော် ဟွန့် 

ဒီအကြောင်း ပြောချင်နေတာ ကြာလှပေါ့။ ရေးဖို့ ရာ ခုမှ အခွင့်သာတော့ ခုမှပဲ ဖတ်ရှုကြတော့ဗျို့ ။

လူ သိန်း သန်းနဲ့  ချီပြီး အသုံးပြုနေကြတဲ့ ကမ္ဘာကျော် နာမည်ကြီး Facebook လိုဆိုဒ်မျိုးမှာ မယ်လိုဒီမောင် အမည်နဲ့  နောက်တစ်ယောက် ပေါ်လာလို့  မမီ (ခေါ်) မယ်လိုဒီမောင် က သူ့ ကို လိုက်တုရမလား ဆိုပြီး နှာကောက်သွားတာ အွန်လိုင်းမှ အပြီးတိုင် အနားယူပါတယ် တဲ့။ မယ်လိုဒီမောင် တစ်မောင် တည်း ရှိတယ်ဟေ့ လို့  သူ့ ခမျာ ကြုံးဝါးချင်နေရှာတာ၊ နောက်တစ်ယောက်လည်း ပေါ်လာရော နှစ်မောင် အဖြစ်မခံနိုင်လို့  အမြီးကုပ် သွားလေရဲ့။

မေးစရာ မေးခွန်းလေးတွေက ပေါ်လာတယ်။ နာမည်တူတာလေး တစ်ခုကြောင့် မမီ (ခေါ်) မယ်လိုဒီမောင် ကို လိုက်တုတယ် ပြောရအောင်၊ မမီ (ခေါ်) မယ်လိုဒီမောင် က ဘာမို့ လို့ လဲ? စင်္ကာပူ နိုင်ငံ ရောက်နေလို့  ဖင်ခေါင်း ကျယ်သွားတာလား? နေဘုန်းလတ် သူငယ်ချင်း၊ မူလလက်ဟောင်း မမီ? နေဘုန်းလတ် သာရှိရင် မူလလက်ဟောင်း မမီ ကို နားရင်းအုပ်အုပ်ပြီး တရားချပြီးလောက်ပြီ။ သိပ်ပြီး မြင့်ပြနေရင် ပြန်ကျရင် လူကျ မကျပဲ ဘာကျ ကျတတ်လဲ ဆိုတာတော့ .....။

ဒါနဲ့  အားလုံးကို ဒီစာမျက်နှာပေါ်ကနေ တရားဝင် သတိပေးချင်တယ်။ ပိုးတီ ဆိုတဲ့ နာမည်ကို မှတ်ပုံတင်ရုံးမှာ Register လုပ်ပြီး ဖြစ်တဲ့အတွက်၊ နောက်ထပ် ပိုးတီ တစ်ယောက် တွေ့ ရင် မူလလက်ဟောင်း ပိုးတီ က မမီ လို ပင်စင်မယူဘူး။ တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းပဲ!!! (ဟဲဟဲ :P)

ပိုးတီ (မူလလက်ဟောင်း)