ညီနေမင်း သို့ ပေးစာ

ကိုညီနေမင်း ရေ

မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကိုညီနေမင်းနဲ့ ပတ်သက်တဲ့ စာတွေရောက်ရောက်လာလို့ ပေးစာတစ်စောင်လောက်ရေးလိုက်ပါတယ်။ ထိုစာတွေ အားလုံးကို အတိုချုံ့ ပြောပြရရင် ကိုညီနေမင်း ဆီကို နားမလည်တဲ့ အကြောင်းလေးတွေ ၊ ဒေါင်းလော့လုပ်တဲ့အခါ အဆင်မပြေတာလေးတွေကို ပြန်မေးတဲ့အခါ ကိုညီနေမင်းဆီက ဘာမှ တုန့်ပြန်သံမကြားရ တော့ လူတချို့ က စိတ်ဆိုးကြတယ်ထင်ပါတယ်။

ကျန်ုပ်အမြင်မှာလည်း ကိုညီနေမင်း လုပ်နေတဲ့အလုပ်ဟာ ဂျီးတော်နွား အငှားကျောင်းတဲ့ အလုပ်ပါပဲ။ တပြားတချပ်မှ မရပါဘူး။ အချိန်ကုန်ခံ ၊ လူပင်ပန်းခံပြီး ဖိုရမ် ၊ တခြားသော နိုင်ငံခြား ဘလော့ဂ်တွေကို လှည့်ပြီး ဆော့ဝဲတွေ ဒေါင်းရ ပြန်တင်ရ ကိုညီနေမင်းလည်း အလုပ်တော်တော်ရှုပ်မှာပါ။


တကယ်တော့ ကိုညီနေမင်း တင်ထားတဲ့ တော်တော်များများ ဆော့ဝဲတွေ ၊ နည်းပညာတွေဟာ ကိုညီနေမင်း လက်ရာမဟုတ်မှန်း ဖိုရမ်တိုင်းကို လှည့်နေတဲ့ သူတိုင်းသိပါတယ်။ ကိုညီနေမင်းအနေနဲ့ ဂူဂယ်ကို အားကိုးပြီး နည်းပညာတွေကို ဖြန့်ဝေပေးတာ ကျန်ုပ်တို့ နားလည်ပါတယ်။ ပြီးတော့ တချို့သော နည်းပညာတွေကို ကိုညီနေမင်းရှာလို့မတွေ့လို့ အကြောင်းမပြန်တာလို့ ကျန်ုပ်တို့ ခန့်မန်းမိပါတယ်။

ထိုအခါ စာဖတ်သူတချို့ က ကိုညီနေမင်းသည် မာနကြီးသည် ၊ ဘာဖြစ်သည်လို့ စွတ်စွဲကြပါတယ်။ တကယ်တော့ ကိုညီနေမင်း ရဲ့ တုန့်ပြန်ပုံ မှားယွင်းနေတယ်လို့ ခံစားမိပါတယ်။ ကိုညီနေမင်းအနေနဲ့ ကိုယ်တင်တဲ့ ပိုစ့်တိုင်းကို တာဝန်ယူသင့်ပါတယ်။ ကိုယ်မသိရင် မသိဘူးလို့ပြော၊ မအားရင် မအားဘူးလို့ လေးလေးစားစား တုန့်ပြန်သင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ပဲ ကွန်မန့် ကြတော့ အပရု လုပ်နိုင်ပြီး ၊ မေးထားတဲ့ ကိစ္စကြတော့ မဖြေခြင်းဟာ ကိုညီနေမင်းရဲ့ စာဖတ်သူကို စော်ကားရာလည်းရောက်ပါတယ်။

နောက်တစ်ခုက ကိုညီနေမင်း တင်ထားတဲ့ ဆော့ဂ်ဝဲတွေ နည်းပညာ တွေကို မူရင်းဆိုဒ်လေးပါ ထည့်ပေးစေချင်ပါတယ်။ လိုအပ်ရင် ငါ့ဆီပဲလာ ငါ့ကိုပဲမေးဆိုတဲ့ လုပ်ရပ်တွေဟာ အင်မတန်မှ စိတ်ပျတ်စရာကောင်းပါတယ်။ ကိုညီနေမင်းက အဲ့ဒီလို မရည်ရွယ်ပေမယ့် ကိုညီနေမင်း လုပ်ရပ်ဟာ အဲ့ဒီပုံပေါက်နေတယ်လို့ ခံစားမိပါတယ်။ အဲ့ဒီလိုမျိုး မူရင်းလေး ထည့်ပေးခြင်းအားဖြင့် ကိုညီနေမင်းလည်း ဂုဏ်တက်ပါတယ်။ မူပိုင်ခွင့်ကိုလည်း လေးစားရာရောက်ပါတယ်။ တခြားစိတ်ဝင်စားသူတွေလည်း နောက်တစ်ချိန်လိုအပ်တဲ့အခါ ကိုယ့်ဟာကို ရှာနိုင်ဖွေနိုင်သွားမှာပါ။

အားလုံး အဆင်ပြေပြေလေး ဖြစ်စေချင်ပါတယ်။

မောင်ဘ ( စီစဉ်တင်ဆက်သည်)



11 comments:

တောင်ငူသား said...

်လူတိုင်းမှာ သူလုပ်ပိုင်ခွင့်နဲ့သူလုပ်နေကြတာချည်းပါဘဲ.... ကိုယ်မေးတာကို သူပြန်မဖြေတာတစ်ခုတည်းနဲ့ ညီနေမင်းကို ဆိုးတယ်လို့ပြောလို့မရဘူးဗျ.... အင်း...ဆရာတို့လိုသိတတ်နားလည်နေတတ်သူတွေကတော့ ဆိုက်ပေါင်းစုံကိုလိုက်ရှာပြီး ကိုယ့်ဖာသာကိုယ် ရှာဖွေယူငင်နိုင်စွမ်းရှိကြရင် ကိုယ့်ဖာသာကိုယ်ယူကြပါ. ဒါပေမယ့် ဒီလိုလုပ်နိုင်တာက ဒီလိုဘလော့တွေကိုလိုက်ဖတ်ပြီး ပညာရှာနေကြတဲ့ ထောင်ဂဏန်းကျော်လူတွေထဲက ဆယ်ဂဏန်းမပြည့်တဲ့သူတွေလောက်သာ လုပ်နိုင်ကြ တာပါ...ကျန်တဲ့သူ ထောင်ဂဏန်းလောက်သူတွေက ဒီလိုအဆင်သင်သုံးနိုင်အောင် လုပ်ပေးထားတဲ့ ဘလော့တွေကိုဘဲ အားကိုးလေ့လာနေကြရတာဗျ... ကိုယ်လုပ်နိုင်ရင် တတ်နိုင်သလောက် လုပ်ပေးကြပါ။ မလုပ်ပေးနိုင်ရင်၊မလုပ်ပေးချင်ရင် မလုပ်နဲ့... ကိုယ့် စရိတ်နဲ့ကိုယ်စေတနာထားပြီးလုပ်ပေးနေတဲ့ ဘလော့တွေကိုတော့ ဒီလိုပုတ်ခတ်ပြီးရေးတာကတော့ သိပ်ပြီးကြည့်ရရုပ်ဆိုးတယ်ဗျ........ ဆရာကြီး လည်း ညီနေမင်းရဲ့ တ၀က်လောက်လုပ်ပေးနိုင်ခဲ့ရင် ကျွန်တော်တို့လို လေ့လာသူတွေအနေနဲ့ 100% ကျေးဇူးတင်ကြမှာပါ....ပို့စ်လေးတစ်ခုလောက်နဲ့တော့ စော်ကားတာတော့ သိပ်မမိုက်ဘူးဗျို့... ညီနေမင်းနဲ့အလားတူ ဖြန့်ဝေပေးနေတဲ့ ဘလောဂါ တွေရဲ့စေတနာနဲ့ကြိုးစားအားထုတ်ပေးထားမှူကို ကျွန်တော်တို့လို လေလာသူတွေအနေနဲ့သူတို့ဘလော့တွေကို ကြည့်မြင်ရုံနဲ့ သိနိုင်ပါတယ်... အသိအမှတ်ပြုပါတယ်..... ညီနေမင်းကို 100% ထောက်ခံပါတယ်....ကျွန်တော် comments ကို တင်ချင်တင်မတင်ချင်နေပါ.... မတရားဘူးထင်ရင် တော့ပြောရမှာဘဲ... အလုပ်နဲ့သက်သေပြပေးပါလို့.......

Unknown said...
This comment has been removed by the author.
Anonymous said...

နောက်ထပ် ရှိပါသေးတယ်

ဂျီးတော်နွားကို အငှားကျောင်းတဲ့ နွားကျောင်းသားတွေလား

ဂျီးတော် လယ်ကို အငှားထွန်တဲ့ နွားချိုလိန် တွေလားတော့ မသိဘူး

software တွေကို ဒေါင်းလော့ လင့်ပေးရုံတင်မဟုတ်ဘူးဗျ

သူတို့ နာမည်တွေပါ ထိုးထားကြတာ။ သူတို့ ရေးတာလဲ မဟုတ်ပဲနဲ့။ မရှက်ကြဘူးလား မသိပါဘူးဗျာ။ ဟိုမှာ ကြော်ငြာ ဒီမှာ ကြော်ငြာနဲ့။ သူများရေးထားတဲ့ software တွေကို။ :)

တချို့က ရှိသေးတယ်။ blog မှာ ဘာတွေ ထည့်မယ်၊ ညာတွေထည့်မယ် ဆိုပြီး တင်ထားတာ အများကြီးပဲ။ free gadget ရသမျှ အကုန်ထည့်ထားတာ။ မြန်မာ font တော့ မပေါ်ဘူးဗျ။ ထူးဆန်းတယ်။

အထူးဆန်းဆုံးတစ်ခုက သူတို့ချင်း မတည့်ကြဘူးဗျ။ ဘယ်တည့်မလဲလေ အားလုံးက software အသစ်တစ်ခု ပေါ်လာရင် သူ့ထက်ငါ အပြိုင် ဥိးအောင် တင်ဖို့ ကြိုးစားနေကြတာဆိုတော့ ရန်တွေ ထ သက်ကြတာပေါ့။

သူတို့ချင်း လည်ကြတာ တော်တော်လည်းကို ရှားတယ်ဗျ။ တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေကြတာကိုး

အောက်မှာ ဝင်ကြည့်ပါဗျာ
သိပါလိမ့်မယ်

http://kp3family.blogspot.com/

http://www.mgkyawswarnyein.net/

http://itmen.myanmarbloggers.org/

http://starlamin.blogspot.com/

http://www.lovercreater.com/

http://www.thanlonnge.com/

http://www.mgsaytanar.blogspot.com/

http://kozaw357.multiply.com/

http://www.manawthar.com/

http://crazystar79.blogspot.com/

http://chitminn.byethost14.com/wordpress/

http://ask.my-mm.org/questions/

http://mmshare.org/frontpage

http://www.sbsangpi.co.cc/

http://www.chitloonthu.co.cc/

http://www.htootayzar.com/myblog/

http://www.moemyintshein.com/

http://www.technology48.co.cc/

http://knowledge-myozawlin.blogspot.com/

http://sainatkha.blogspot.com/

http://www.itwordpress.co.cc/

http://mpgd.multiply.com/

http://manawphyulay.wordpress.com/

http://www.promyanmar.com/

http://www.mmhg.co.cc/?zx=fe2e3e1d72e40f0a

http://to4you.blogspot.com/

http://cherrymyodaw-it.blogspot.com/

http://kokyawmyintoo.blogspot.com/

http://www.itmgmg.com/itstories.aspx

http://iteainmackchitthu.wordpress.com/

http://thetheaye.my-mm.org/

http://itkohtwe.blogspot.com/

http://thuratun.22web.net/

http://kminnkyaw.blogspot.com/

http://kyawnux.blogspot.com/

http://www.nweyoe.net/

http://www.mgpyone.co.cc/

http://www.kothurein.co.cc/

http://phosan.blogspot.com/

http://kaungmyat2.blogspot.com/

http://it-traveller.blogspot.com/

http://www.ayadaw.com/

http://www.waihunaung.iblogger.org/

http://kyaukphyu.com/

http://akm-kuntha.blogspot.com/

http://htunlinmyanmar.blogspot.com/

http://mysoftwares.2kool4u.net/

http://www.ayarunicodegroup.org/

http://www.mikozan.co.cc/

http://jonkawshin.livejournal.com/

http://koprince.isgreat.org/

http://test-pna.blogspot.com/

http://utilities-knowledgebank.blogspot.com/

http://myozawlin23.blogspot.com/

http://ogree.blogspot.com/

http://mmgamedev.blogspot.com/

http://www.laechartharblog.co.cc/

http://mmmaung.multiply.com/

http://www.kingofstar7.com/

http://breezeslover.blogspot.com/

http://mistakemusiclibrary.multiply.com/

http://dl4arakan.blogspot.com/

http://haineni.blogspot.com/

http://www.praygreerakhine.co.cc/

http://www.appleak.net/

http://www.ubuntu4mm.org/

http://mmwordpress.com/

http://mmgenius.com/

http://code.mysteryzillion.org/

http://www.mmso.org/forum/index.php

http://mmbloggershelpdesk.blogspot.com/

http://itmen.myanmarbloggers.org/

pausianlian said...

သုများတွေကဘာဘဲလုပ်လုပ်စေတနာနဲ့လုပ်တယ်ဆိုတာအားလုံးအသိပါ... နည်းပညာတွေ software တွေကိုတဆင့်ဖြစ်ဖြစ်ဖြန့်ဝေပေးတဲ့ သုတယောက်ဟာကျနော်တို့ထက် စာ၇င်ပိုပြီးတော်တယ်လို့ပြောလို့၇ပါတယ်။။။ အေ၇မ၇အဖပ်မ၇နဲ့သုတပါးတွေကိုတောင်ပြောမြောက်ပြောတာဟာ...အ၇မ်းကိုအောက်တန်းကျသလိုမိမိကိုယ်ကိုယ်ဘယ်အဆင့် တန်းရှိတယ်ဆိုတာပြလိုက်တာနဲ့အတူတုပါ။။ ဘလော့ဂါလောကမှာဒါဒီလုံးဝလက်မခံပါဘုး။။ အကျိုးမရှိတဲ့အလုပ်ကိုစေတနာနဲ့ပြောပါ၇စေနော်.. ကိုယ်ထမင်ကိုစားပြီးသုများတွေ အကုသိုလ်ပွားတဲ့အဖြစ်တွေမဖြစ်စေချင်လို့ပါ။

zarni said...

အင်း ... ခက်တာပဲ ။ ကိုယ် ကိုယ်တိုင်က ဘာမှ ဖြစ်မြောက်အောင် မလုပ်ဘဲ နေရင်းထိုင်ရင်း တစ်ပါးသူတွေကို လိုက်ပုတ်ခတ်နေတယ် ။ စိတ်တော်တော် ပုတ်တဲ့ လူပါပဲလား ။ comment ရေးတော့ anonymous တဲ့ ။
တစ်ခုတော့ ချီးမွှမ်းဖို့ ကောင်းတယ် ... ဒီလောက် စုံတဲ့ မြန်မာ blog directory list ကိုညီလင်းဆက် ဆီမှာတောင် မရှိသေးဝူး ။
ငတိလေးရေ .... ဘာပဲ ဖြစ်ဖြစ် ကျေးဇူး ကွာ ။
(ဪ ... စကားမစပ် ... မင်းလည်း Myanmar IT and Software Resharing Sites List
ဆိုပြီး blog တစ်ခုလောက် လုပ်လိုက်ကွာ ။)

Unknown said...
This comment has been removed by the author.
Co2zeиith said...

အကို zarni ပြောတဲ့ မှ သတိရသွားပီး ကိုယ့်နာမည်တောင် မပြောရဲပဲ သူများအတင်းပြောတဲ့ Anonymous ဆိုဒဲ့ သူ အချိန်တော်တော်ယူပီး စုစီးတင်ပြသွားတဲ့
Myanmar IT and Software Resharing Sites List ကြီးကို
ကျနော် သယ်ရင်းတွေအတွက် FWD တောင် လုပ်ဖြစ်သေးတရ်၊၊
ရှားရှားပါးပါး ရှာဖွေ ထားပေးလို့ Anonymous ကြီးရေ ရှဲ့ရှဲ့၊၊
းP

Anonymous said...

ကျေးဇူးပဲကွာ site တွေလိုက်စုနေတာ ခေါင်းခြောက်နေတုံး
ဒီမှာလာစုနေတာကိုး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ။ ဒီဆိုက်
တွေစုပြီး ရန်တိုက်ပေးတာတော့..တော်တယ်။ မင်းလိုကောင်တွေ..များများရှိနေလို့ထင်တယ်။ ဘလော့ဂါ
လောကကြီး နေ့စဉ်နှင့်အမျှ တိုးတက်နေတာ။ မင်းကော
ဘာတွေ သူတစ်ပါး ကျေးဇူးများတာတွေလုပ်နေလဲ။ ဒီတခု
တည်းတော့ မလုပ်ပါနဲ့ကွာ။ ဒီအတိုင်းသေသွားရင် မင်းပင်
ပန်းရကျိုးမနပ်ပါဘူး။

Anonymous said...

ဘလော့ပိုင်ရှင်
ခင်ဗျားဟာ စောက်ပေါပဲ.....
ပြီးတော့ Anonymous ခင်ဗျားလဲ စောက်ရူးပဲ.....
သူများလုပ်တာတွေကို လျောက်ကဲ့ရဲ့ ရအောင်ကလဲ ခင်ဗျားအစွမ်းအစနဲ့ နည်းပညာအကြောင်း ဘာတစ်လုံး ရေးထားတာရှိလဲ့ ဘဘော့ပိုင်ရှင်။။။။ ကိုယ့်စောက်ကြောင်း၊ သူများ စောက်ကြောင်းတွေကို လက်ထဲက အမြုပ်ထွက်အောင် စောက်ပေါက်ကရတွေရေးထားပြီး သူများအတင်း လျောက်ပြောတာလောက် စောက်ဆင့်မရှိတာ မရှိဘူးကွ။ မအေပေးလေရဲ့။။။ ကိုယ်လုပ်နိုင်မှ သူများကို ကဲ့ရဲ့။။ အားတိုင်း ယားတိုင်း မကိုက်ချင်နေတဲ့။

Unknown said...

အော် သားဒါနဲ့ပြောရဦးမယ်
ဖေဖေနာမည်ထည့်ဖို့မေးသွားလို့ကွယ်..
ဖေဖေနာမည် က IT-Zone (ဖြိုးကြီး) လို့ခေါ်တယ်ကွဲ့
မှတ်ထားနော် နောက်တွေ့ရင်လဲ ခေါ်ပေါ့.(ဖေဖေလို့)

ငရဲမင်း said...

အခုတ်ေက ပိုဆိုး.. ခင်ဗျားကြီးလည်း ဘလော့မရေးတော့ဝူး ဆိုတော့ ၀မ်းသာချရာဘဲ..အပင်ပန်းခံပီးရေးရတာ...မောနေအုံးမယ်..ေ၇ာ့ေ၇ာ့..ရေညစ်ပတ်သောက်လိုက်အုံး...ေိေိ... ညီနေမင်းကခေတ်မချိတော့ဘူး..ကျုပ်ကျောချင်တာက မောင်ပေါက်တို့ကို တက်ဝုန်းပါလားငင်....ေိေိ

ငရဲမင်း