ရန်ကုန်ပြန်ရောက်တုန်း ကျောင်းတုန်းက မြန်မာစာ သင်တဲ့ ဆရာတစ်ယောက်နဲ့ မြေနီကုန်းမှာ ကားဝပ်ရှော့သွားရင်း တွေ့ဖြစ်လိုက်တယ်။ ဆရာကို မတွေ့တာ သုံးနှစ်နီးပါးလောက်ရှိပြီ။ ဆရာကလည်း တပည့်ဆိုးလေးတွေကို သိပ်ချစ်တယ်ထင်ပါတယ်။ တွေ့တွေခြင်းပဲ အားရပါးရ ဖတ်ပြီးနူတ်ဆက်ပါတယ်။ နိုင်ငံခြားက အကြောင်းတွေမေး သူလည်း ဒီက အကြောင်းတွေပြောရင်း တစ်နာရီနီးပါးလောက် ကြာသွားတယ်။ လေဆိပ်က ၀ယ်လာတဲ့ ချီးစ်ပတ်စ် တစ်လုံးကို ဆရာနဲ့ အိမ်မှာ အတူတူသောက်ကြတယ်။

ပထမတော့ဆရာကို ရှိန်တာကြောင့် မသောက်ပါဘူး။ ဆရာ့ကိုပဲ ငှဲ့ပေး ကိုယ်က ဘေးနားကစကားပြောပေါ့။ နောက်တော့ ဆရာလည်း ထမေးပါတော့တယ်။ မင်းက မသောက်ဘူးလားတဲ့။ ကိုယ်သောက်ချင်နေတာလည်းဆရာက သိတယ်ထင်ပါတယ်။ သောက်ပေါ့ကွ။ မင်းလည်း အသက်ပြည့်နေတဲ့သူတစ်ယောက်ပဲ။ မာစတာ သွားတက်နေတဲ့ကောင်ပဲကွာ။ မင်းမှာ ဦးနှောက်ရှိပါတယ်။ မင်းရင်ထဲမှာ ငါ့ကို respect ရှိရင်တော်ပါပြီ။ ချကွာတဲ့။

စကားတွေလည်း ဟိုးအရင်တုန်းကအကြောင်းတွေသာ ပြောဖြစ်ကြပါတယ်။ ငယ်ငယ်တုန်းက ကျနော်တို့ ဘယ်လို ဆိုးတဲ့အကြောင်းတွေပြော ရယ်လည်းရယ်။ ဆရာကမြန်မာစာ ဆရာဆိုတော့ မြန်မာစာပေတွေအကြောင်း တော်တော်ပြောပြပါတယ်။ ကျနော်လည်းစကားပြောနေရင်း ကျနော်တို့ ဇတ်လိုက်ကျော် ဆိုးသူမ ခင်ဦးမေ အကြောင်းစဉ်းစားမိသွားတယ်။ အဲ့ဒါနဲ့ ကွန်ပြူတာကို ယူ သူ့မ ဘလော့ဂ်ကို ဆရာ့ကိုပြလိုက်တယ်။ ဒါက ဘာလဲကွ။ ဘလော့ဂ်ပါဆရာ။

ဘေလာ့ဂ္ဂါဆုိတာဒါလားကြတဲ့။ ကျနော့်လက်ထဲက မောက်စ်ကို ဆွဲယူပြီး ဆရာလည်းတောင်နှိပ် မြောက်နှိပ် လုပ်ပါတော့တယ်။ ပါးစပ်ကလည်း တရွတ်ရွတ်နဲ့။ ခေါင်းကလည်း တခါခါနဲ့ ဆရာ့ကြည့်ရတာ ဘာကို တစ်ခုခုကို အလိုမကျတဲ့ပုံပေါက်နေတယ်။

ဒီကောင်မက ဘယ်မှာနေတာလဲတဲ့။ အစမရှိ ရုတ်တရက်ကြီး ထမေးတော့ ကျနော်လည်း ဘာဖြေရမှန်းကို မသိဘူး။ ဘာလို့လဲဆရာလို့ ပြန်မေးတော့ ဒီကောင်မက ဘလော့ဂ်ဂါလားတဲ့။ သူ့ကိုသူတော့ ဘလော့ဂ်လိုတော့ ပြောတာပဲ။ ပြီးတော့ ပရော်ဖတ်ရှင်နယ် ဘလော့ဂ်ကို လုပ်တာပဲလို့ သူပြောတာပဲလို့ ဖြေလိုက်တယ်။

ပါးစပ်ကနေ တောက် ကနဲ့ ဆိုတဲ့ တောက်ခေါက်သံတစ်ချက်ထွက်လာတယ်။ နေစမ်းမှာအုန်း ဒီကောင်မက ဗမာစာမရေးတက်ဘူးလားတဲ့။ ဒီကောင်မက ဗမာစာကို ရေးချင်သလို ရေးရအောင် သူ ဘာအဆင့်ရှိလို့လဲတဲ့။ အမှန်တိုင်းပြောရရင် ခင်ဦးမေ ဘာအဆင့်ရှိလဲဆိုတာတော့မသိဘူး။ သူ့ပိုစ့်တွေကို ဖတ်လိုက်တိုင်း လေဘေး အသုတ်ဆိုင် တွေအကြောင်းက အများသားဆိုတော့ သူ ဘယ်အဆင့်လဲ အမှန်တကယ်မသိပါဘူး။ ပိုစ့်တချို့မှာ သူ့ပတ်ဝန်းကျင်က လူတချို့ကို ထမိန်တစ်ကွင်းလောက် လက်ဆောင်ပေးလိုက်ရင် တော်တော် ပြောကြသားတဲ့။

ကျနော်လည်း အဲ့ဒီလောက်ပဲသိတာပဲ ။ ရပြီ ရပြီတဲ့။ လက်ကလေး တကာကာ ပြောရင်း ဆရာတော်တော် စိတ်ဆိုးနေတယ်။ တော်တော် သောက်သုံးမကျတဲ့ မိန်းမပဲတဲ့။ ရေးထားတဲ့အကြောင်းအရာတွေကလည်း ဘာအဆင့်မှမရှိ။ အထူးသဖြင့် ဗမာစာကို ရေးချင်သလိုရေးနေတာ အဆိုးဆုံးပဲတဲ့။ ဒီလို မိန်းမမျိုတွေပေါ့ အမျိုးဖျတ် သာသနာဖျတ်ဆိုတာ။

ကိုယ်လုပ်တာ ဘယ်ရောက်လို့ရောက်နေမှန်းမသိ။ ကိုယ့်ကို ဘာမှန်းမသိတဲ့ မိန်းမမျိုတဲ့။ ကျနော်လည်း ဆရာ့ပါးစပ်က ဒီမျိုးတွေကြားရတာ တော်တော်လေး အံ့သြမိတယ်။ တကယ်တော့ ဆရာက လူအေး လူရိုးပါ။ သူမှန်တယ်ထင်ရင် ပညာရေးမှုးတောင် ကိုင်တုတ်တဲ့လူစားမျိုး။

နောက်ဆုံးကျနော်လည်း ပြမိတဲ့အတွက် မှားသွားတယ်ဆိုတာ သိလိုက်ရတယ်။

5 comments:

tentotwelve10to12 said...

ခင်ဦးမေကတော့ ပြောမနေနဲ့။ TZA ရဲ့ ဒီဂိုလာ ဘလော့မှာလည်း သူ့comment ချည်းဘဲ။ TZA ရဲ့ အရေးအသားရယ် ဓာတ်ပုံအရသာတွေတောင် ပျောက်ကုန်တယ်။ တစ်ခါပေးရင် လုံလောက်ပါတယ်။ ၄ ၅ ခါ ပေးတာတော့ လွန်လွန်းတယ်။ ဘလော့အသစ်မြင်ရင် သွားဘို့၊ ရောက်ကြောင်းပြောဘို့ (စာသားကဘာမှန်းတော့ သေချာအောင် မဖတ်ဘူး)comment ပေးဘို့ကအရင်။ မြတ်နိုးခင် ပြောတာနည်းတောင် နည်းသေးတယ်။ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်တယ်ဆိုတာ။

nawphaw said...

“အမျိုးဖျက် သာသနာဖျက်”လို့ ပြောချင်တာ
မဟုတ်လား
“အမျိုးဖျတ် သာသနာဖျတ်”ဆိုပြီးရေးထားတာ
တွေ့လို့၊ မြန်မာစာလုံးပေါင်းကိုသတ်ပုံမှန်အောင်
ဂရုစိုက်စေချင်ပါတယ်
စစ်မှန်တဲ့ဝေဖန်မှုတွေပြုနိုင်ပါစေ ။

maung said...

အခုရေးထားတဲ့ ပို့စ်ကို အဲဒီ မြန်မာစာဆရာကို ပြရင် ဘာပြောမလဲ ... သိချင်မိတယ်။

ဝေဖန်သူတွေဟာ သူတပါးကို ဝေဖန်မယ်ဆိုရင် ကိုယ့်ဘက်ကလည်း "တာ" လုံဖို့ အရေးကြီးတယ်။

မေးချင်တာ တခုက ... ဘလော့ဂါဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးသာ ဖြစ်ရမယ်လို့ ကန့်သတ်ချက်ရှိလား။ အခုဒီဘလော့ရေးနေသူတွေကရော ... ဘလော့ဂါလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်သလား၊ မြန်မာစာဆရာကြီးကရော ဒီဘလော့ရေးသူတွေကို ဘယ်လို သတ်မှတ်ပါလိမ့်။

နောက်တခု ပြောရရင် ... ခင်ဦးမေကို ဝေဖန်နေသူတွေက ခင်ဦးမေအတိုင်း စာလုံးပေါင်း အမှားများစွာနဲ့ ဆိုတော့ တော်တော်လေးတော့ ရယ်စရာ ကောင်းနေတယ်။ ကြည့်ရလည်း ဆိုးတယ်။

ကိုယ်က ပုဆိုး၊ ဘောင်းဘီ မပါဘဲနဲ့ အောက်စလွတ်နေသူတွေကို သွားကဲ့ရဲ့သလို ဖြစ်နေတယ်။
ဒါကြောင့် ပြောချင်တာက သူတပါးကို ဝေဖန်ဖို့ အသာထား ... ကျေးဇူးပြုပြီး ကိုယ့်တာ ကိုယ်လုံအောင် အရင် လုပ်ကြပါ ကွယ်တို့။

ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ said...

ဟိုကောင် ကြာကူလီ ငမောင်။ စာလုံးပေါင်းမှားနေတာ မသိတာမဟုတ်ဘူး။ တမင်သက်သက်မပြင်တာ။ ဘယ်သူ့ကိုမှ ဂရုမစိုက်လို့။ အထူးသဖြင့်မင်းလို ကောင်တွေ ပြောဖို့ထားခဲ့တာ။ မင်းသိအောင် ထပ်ပြောလိုက်မယ် ငါတို့ ပြောချင်တာက ဒီဘာသာက ငါတို့ ဘာသာ ဒီစာက ငါတို့စာ ၊ ငါတို့စာကို ငါတို့မှ မလေးစားရင် မင်းပထွေးက လာလေးစားမှာလား။ မြန်မာစာကို မြန်မာလိုရေးတာပဲကောင်းတယ်။ သူများမြှောက်ပေးတိုင်း စောက်ရှုးထပြီး ကြောင်ကြောင်တောင်တောင်ရေးရအောင် ခင်ဦးမေ ဆိုတဲ့ ကောင်မက ဘာကောင်မ ဖြစ်နေလို့လဲ။

linnsu said...

maung ဆိုတဲ့အကောင်ရေ...မပြောချင်ပေမဲ့လည်းပြောရဦးမယ် နင်က ခင်ဦးမေဆိုတဲ့ကောင်မ ဆီက ဘာမျှော်နေတာမို့လို့ ဝင်ပြောရတာလည်း...စောက်ဆင့်မရှိလို့ မရှိဘူးပြောတာ...အတန်းအစားက အတူတူပဲထင်တယ်...ဒီကောင်မဘလော့တွေကို တင်ခွင့်ကို မပေးသင့်ဘူး....ဖတ်တဲ့သူတွေကို မလေးမစားနဲ့ မြန်မာစာနဲ့ တူအောင်မရေးဘူး...ကိုယ်ပိုင် စာပေနဲ့ ရပ်တည်နေတာ...ဒီလိုဟာမျိုးကို ဖတ်တာ စောက်ရူးတွေပဲ ဖတ်မယ်...တို့တော့ အချိန်မပေးနိုင်ဘူး....အေး အဲကောင်မကို ဆဲဖို့ဆိုရင်တော့ အားတယ်...