သူမ တအားလန့်သွားခဲ့သည်

မနေ့ကပေါ့ ပိုစ့်အသစ်တင်ပြီး ၁ မိနစ်လောက်အကြာတွင် ထုံးစံအတိုင်း အရေမရ အဖတ်မရအုပ်စု ကျန်ုပ်တို့ ဘလော့ဂ်ဆီသို့ အုပ်လိုက် ရောက်ရှိလာခဲ့သည်။ ခင်ဦးမေလည်း သူ့အကြောင်းရေးတော့ အောင့်သီးအောင့်သက် ဖြစ်သွားပုံရသည်။ စိတ်ထဲကနေ မြန်မြန် ကျန်ုပ်တို့ကို ကျိတ်ဆဲပြီး သူ့ စီဘောက်ထဲတွင် ရယ်လိုက်ရတာ မောတဲ့အကြောင်း အခန်းထဲကွန်ပြူတာရှေ့မှ သူ့ရဲ့ အပေါင်းအဖော်တို့ကို မျက်နှာမဲ့ရွဲ့ပြီး ပြောရှာလေသည်။

ကျန်ုပ်တို့ ဘလော့ဂ်မှာလည်း သူဘယ်လောက် သဘောထားကြီးကြောင်း ပြချင်ဇောဖြင့် ကွန်မန့်ပေးရန်ကြိုးစားရှာလေသည်။ ကျန်ုပ်တို့ ဘလော့ဂ်တွင် ကွန်မန့်ပေးခြင်းကို ယာယီတားမြစ်ထားတယ်ဟု ကျနော်တို့ရဲ့ ကွန်ပြူတာ ပညာရှင်ကြီး ဟန်နရီ ( ခေတ္တ အမေရိကန်တွင် ကွန်ပြူတာဆော့ဝဲ Company ကြီးတွင် အလုပ်လုပ် နေသူ) ကလုပ်ဆောင်ထားသည်။

ဖြစ်နေကြ ပုံစံမဟုတ်သောကြောင့် ခင်ဦးမေခဗျာ လန့်သွားရှာသည်။ ထိုအကြောင်းကို သူမရဲ့ စီဘောက်ထဲတွင် ပြောသောအခါ ချက်တင်လောက်သာ သုံးတက်သော ငတိမှာ နင့်ပတ်စ၀က် သိမ်းသွားပြီးဟု ခင်ဦးမေကို အားပေးရှာသည်။ ထိုအသံကိုကြားကြားခြင်း ခင်ဦးမေခင်ဗျာ ပတ်စ၀က်ပြောင်းပုံပြောင်းနည်းကို မျက်နှာငယ်ကလေးနှင့်မေးရှာသည်။

ကျန်ုပ်တို့ မြန်မာဝေဖန်ရေး ဆရာများသည် ထိုအရာကို မြင်ရတွေ့ရတော့ အူတက်အောင်ရယ်ရသည်။ အော် တော်တော် သနားစရာကောင်းပါလားဟု မှတ်ချက်ပြုလေသည်။ ကျန်ုပ်တို့ရဲ့ ကိုဘ ခဗျာ အိမ်သာကို သုံးခေါက်လောက်တောင်သွားယူရတယ်။ ဒီကောင်မ တော်တော် ငါ့ကို သေးပေါက်အောင်လုပ်တယ် ဟုပြောရှာတယ်။


3 comments:

ဇော် said...

အမတစ်ယောက်က ရှဲလို့ ကျနော်ရောက်ဖြစ်ခဲ့ပါတယ် ..
ဘလော့ဂါတွေရဲ့အားနည်းချက်ကို (အမှန်အတိုင်း) ပွင့်ပွင့်လင်းလင်း ထောက်ပြထားတာကို ဖတ်ပြီး ကျနော် (အရမ်းသဘောကျစွာ) နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ် ..

ပြီးတော့ အမှန်အတိုင်းပြောရရင် .. ငါ့အလှည့်ဘယ်တော့ရောက်လာမလဲလို့ ရင်ခုန်သွားမိတယ် .. =)

ပျော်ရွှင်ပါစေ ..
ဇော်။
(ကျွန်တော်တို့အိမ်)

(မှတ်ချက် >> ဤကွန်းမန့်သည် ဘလော့ဂါ၏ စိတ်ဓါတ်နဲ့ရေးသားပုံကို သဘောကျ၍သာ ပေးခြင်းဖြစ်ပါသည်။ မည်သည့်ရည်ရွယ်ချက်မျှမရှိပါ။ )

Unknown said...

ဒီနေ့မှ ဒေါ်မေငြိမ်းရဲ့ ဘလော့မှာအပျင်းပြေသွားဖတ်ရင်းနဲ့(ရီရတာကိုး)
အဲဒီကနေဒီဆိုဒ်လေးကိုသိလို့ဝင်လာဖတ်ဖြစ်တာ
တင်ထားသမျှပို့စ်အားလုံးကိုကြိုက်ပါ၏
အမြဲအားပေးနေပါတယ်
ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ.....

linnsu said...

အင်း ရုံးမှာလည်း ခင်ဦးမေအကြောင်းပြောပြီး ရယ်ရတာ ခဏခဏပဲ....