စကားစမြည်ပြောခဲ့ခြင်း

မနေ့ညကမှ အားလုံး စကိုက်မှာ ဆုံဖြစ်တယ်။ ကျောင်းစားတဖက်ရယ် ၊ အလုပ်တဖက်ရယ်ကြောင့် အွန်လိုင်းလေးတောင်မတက်ဖြစ်ခဲ့ဘူး။ ဆရာကြီးက မလေးရှားကနေ ရောက်ရောက်ခြင်း ဖုန်းကနေ မက်ဆေ့စ် ပို့လိုက်တယ်။ ည စကိုက်ကိုလာခဲ့တဲ့။ ရောက်သွားတော့ အားလုံးဆုံနေပြီ။

ဆရာကြီးကတော့ ပြောပါတယ်။ မင်းတို့ကြောင့် သူတို့ခမျာမှာ နာမည်တွေ တောင်ကြီးသွားကြပြီ။ အကယ်၍သာ သူတို့မှာအကောင်းမြင်တဲ့ စိတ်ကလေးရှိရင် မင်းတို့ကို ဆုမွန်ကောင်းတောင်းမှာပဲ။ မင်းတို့ကြောင့် လာလည်သူတွေများလာတယ်။ မင်းတို့ကြောင့်ပဲ လူတွေရဲ့ ချစ်ခင်ကြင်နာမှုကို ရခဲ့ကြတယ်။ မင်းတို့ကြောင့်ပဲ တစ်သက်လုံးက ထုတ်ဖော်ပြချင်နေတဲ့အရာတွေ ထုတ်ဖော်ပြလာခွင့်ရသွားကြတယ်။

သူတို့က မင်းတို့ကို ဘယ်လိုတုန့်ပြန်သလဲဆိုတာသာစောင့်ကြည့်။ သူတို့က ခပ်ညံ့ညံ့ စိတ်ဓတ်နဲ့ အတွေးခေါ်ကိုပိုင်ဆိုင်ရင် မင်းတို့ကို စိတ်ဆိုးလိမ့်မယ်။ မင်းတို့ကို လက်ညှိုးထိုးပြပြီး လူတွေဆီကို အသနားခံမယ်။ ဒါတွေက ခပ်ညံ့ညံ့ လူတန်းစားတွေလုပ်တဲ့အလုပ်ပဲ။ နောက်တစ်ခုက မင်းတို့ မိန်းမတွေကို ဝေဖန်ထောက်ပြမယ်ဆိုရင် သတိထားတဲ့။ အထူးသဖြင့် ကျော်ကြားမှုကို ရူးသွပ်တဲ့သူတွေဆို ပိုသတိထားတဲ့။ သူတို့ရဲ့ဘေးနားမှာ ကြာကူလီ ၊ နာဘူးတွေအများကြီးရှိတယ်။ မျက်နှာလို မျက်နှာရ နဲ့ ခိုင်းစရာမလိုပဲ နာဘူးထပြီး လုပ်ပေးမယ့်ကောင်တွေအများကြီးတဲ့။ တကယ်တော့ သူတို့က မင်းတို့ ဝေဖန်လောက်အောင် အဆင့်မရှိဘူးတဲ့။

ဆရာကြီးနဲ့ စကားပြောရတာ အင်မှတန်ကိုမှ ဗဟုသုတရတယ်။ သူက ကျန်ုပ်တို့ အဖွဲ့ထဲမှာ ဆရာကြီးနာမည် ယူထားပေမယ့် အသက်တွေက အားလုံးမတိမ်းမယင်းပါပဲ။ စာလည်းအလွန်ဖတ်တယ်။ ဘာလိုလိုနဲ့ မနေ့ညက စကားတွေပြောကြတာ မနက်သုံးနာရီထိုးသွားတယ်။

ကျန်ုပ်တို့ အားလုံးက မလုပ်ခင်ထဲက သဘောတူညီမှု ယူထားကြတယ်။ ဆဲရေးတိုင်းထွာမလုပ်ရ ၊ သူများစီဘော့က်များတွေ ရေးသားခြင်းမပြုရ၊ အဲ့ဒီ အခြေခံ အဆင့်လေးတွေကအစ သဘော့တူညီထားကြတယ်။ ကိုယ်ကိုတိုင် ဒီလို ဘလော့ဂ်မျိုးထဲပါဝင်မှ တော်တော်လေး ဗဟုသုတ ရခဲ့တယ်။ မသိတာတွေလည်း သိခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ဂ်လေးကို လုပ်ရတာ လုပ်ရကျိုးနပ်တယ်။

မောင်ဆင်ဂါပူ

4 comments:

BoX said...

ကျန်ုပ်တို့ အားလုံးက မလုပ်ခင်ထဲက သဘောတူညီမှု ယူထားကြတယ်။ ဆဲရေးတိုင်းထွာမလုပ်ရ ၊ သူများစီဘော့က်များတွေ ရေးသားခြင်းမပြုရ၊ အဲ့ဒီ အခြေခံ အဆင့်လေးတွေကအစ သဘော့တူညီထားကြတယ်????????????????????????????????????????


"သောက်ရှက်မရှိသော နှာဘူး ဘလော့ဂ်ဂါ အလိုမရှိ။
စင်္ကာပူ နိုင်ငံ ရောက်နေလို့  ဖင်ခေါင်း ကျယ်သွားတာလား?
ပွန်းဘလော့ဂ်တွေမှာ ခန္ဓာကိုယ်အလှပြတဲ့ ဘလောဂ့်ဂါတွေလုပ်တဲ့အလုပ်ပါ
သူက ရူးနေလို့ ဒီလိုမျိုးတွေ ရေးနေ လုပ်နေတာပေါ့။ ကိုယ့်ကိုကိုယ် မရူးဘူး ဆိုရင် ဒီလိုမျိုးတွေ ဘယ်လုပ်ပါ့မယ်။
သူ့ခမျာ လင်လိုချင်လို့ ဒီလိုလုပ်တာ ဖြစ်မည်ဟု မှတ်ချက်ပေးလေတော့သည်။"

Unknown said...

အဖွဲ့သားတွေကို အကြံပေးချင်ပါတယ်။
ဝေဖန်ရေးကို ကြိုဆိုပါတယ် သို့သော် ...
(၁) အပြုသဘော ဖြစ်စေချင်ပါတယ်။
(၂) အကောင်းမြင်စိတ် မွေးစေချင်ပါတယ်။
(၃) မိမိဝေဖန်မယ့် ဘလော့ကို သေချာ ဖတ်ရှုသုံးသပ် စေချင်ပါတယ်။
အကောင်းမြင်စိတ်မွေးပြီး အပြုသဘောနဲ့ ဝေဖန်ခြင်း ဟုတ်မဟုတ်က ရေးတဲ့စာကို ဖတ်ရင် သိသာ မြင်သာပါတယ်။

ဘယ်နေရာမှာမဆို ဝေဖန်ရေးရှိမှ တိုးတက်မှာပါ။ ဒါပေမဲ့ အဆိုးမြင်ဝါဒနဲ့ ရှုံ့ချကဲ့ရဲ့လိုစိတ်သက်သက် ဝေဖန်တာကတော့ ဝေဖန်ရေးကောင်းတရပ် ဖြစ်မလာနိုင်ပါဘူး။ အဲဒီလို ဝေဖန်ရေးမျိုးကိုလည်း ဘယ်သူမှ မကြိုဆိုပါဘူး။ ဒီလိုဝေဖန်လိုက်လို့လည်း ဘယ်လို ပြောင်းလဲတိုးတက်မှုမျိုးမှ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ... တကယ်တမ်း ထိထိရောက်ရောက် ဝေဖန်ချင်ရင် ... အထက်ပါ အချက်လေးတွေကို ပြန်လည်သုံးသပ်ပြီးမှ ဆက်လက် ဝေဖန်ခြင်း ပြုစေလိုပါတယ်။

ဒီကွန်မန့်ကို မကြိုက်က ဖျက်ပစ်နိုင်ပါတယ်။

အတ္တ said...

အားလုံး...အေးချမ်းသာယာရှိကြပါစေ..။

ဆွေလေးမွန် said...

အစ်ကိုတို့ blog ကတော့ စရေးထဲက နာမည်ကြီးသွားပါတယ်။ ဘလော့တွေကို ဝေဖန်တာကတော့ ကောင်းပါတယ်။ ဝေဖန်မှုဆိုတာရှိမှ ဘောင်ဆိုတာဖြစ်လာတာကိုး..တိုက်ခိုက်မှုဆိုတာ ရှိတော့မှ အရည်အချင်းဆိုတာ ဖြစ်လာတာကို.နားလည်နိုင်ပါတယ်။ ညီမကတော့ ဘာမှမဟုတ်ပါဘူး..စာတွေလိုက်ဖတ်ရတာ ၀ါသနာပါတယ်..တစ်ခါတစ်ခါ ကဗျာတွေဘာတွေ ရေးတယ်..အစ်ကိုတို့ လို ပညာရှင် အဆင့်တော့ ဟုတ်ဘူး ၀ါသနာရှင်အဆင့်ဆိုပါတော့..ဒါပေမယ့် အစ်ကိုတို့ blog ကဝေဖန်တယ်ဆိုတာထက် အတင်းရေးတဲ့ ဘလော့လိုမျိုးပဲ။ ရေးသားချက်တွေကလည်းပြောင်မြှောက်ပါတယ်။ အရေးခံရတဲ့ သူတွေ တော်တော် ဒေါသထွက်ပါတယ်။ သူများတွေကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ပြီးမှ ရလာတဲ့ အစ်ကိုတို့ရဲ့ ပျော်ရွှင်မှုတွေက နဲနဲ တစ်ကိုယ်ကောင်းဆန်နေသလိုပါပဲ။ ညီမဝေဖန်တာတော့ ကြိုက်ပါတယ်။ အတင်းပြောတာတော့ မကြိုက်ပါဘူးလို့..ကွန်မန့်် ရေးခဲ့တာပါ..