ပထမဆုံး ပိုစ့်

လူတွေများ မပြောချင်ပါဘူုး။ မပြောချင်ပေမယ့်ပြောရအုန်းမယ်။ ဘလော့ဂ်အသစ်ကလေး မြတ်နိုးခင်မှာဆိုရင် လူတွေကိုဆီလို့။ သူများအကြောင်းဆို တယ်လည်းသိချင်ကြားချင်ကြတယ်။ ဒါကလည်း လူ့သဘာဝဆိုတော့။ မြတ်နိုးခင်ကလည်း အမှန်တရားတွေပြော။ တခါမှ မကြားဖူးမမြင်ဖူးတဲ့ သတင်းတွေကြားရတော့ တမျိုးထူးနေတာလည်းဖြစ်မယ်ထင်။ သူရေးထားတာလည်းဖတ်လို့ကောင်းပါ့။ တချို့ဟာတွေက နားတော့မလည်ဘူး။ ဖတ်လို့တော့ တော်တော်ကောင်းတယ်။

4 comments:

Nge Naing said...

C-Box မတွေ့လို့ ဒီမှာပဲ ရေးထားခဲ့တယ်။ ကျွန်မ ဘလော့ဂ်ကို လာလည်တာ ကျေးဇူးတင်ပါတယ်။ ပြန်လာလည်ရင်းနဲ့ ရေးထားတဲ့ ပို့စ်တွေကို ဖတ်မိလို့ မှတ်ချက်ရေးစရာအကြောင်းက ပေါ်လာတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိနိုင်တဲ့အတွက် ဘလော့ဂ်တွေကို အပြုသဘောနဲ့ ဝေဖန်သုံးသပ်ပေးတာ သိပ်ကောင်းတဲ့ အလုပ် ဆိုတာလက်ခံပါတယ်၊ ဒါပေယ့် ဝေဖန်ထားတဲ့အထဲမှာ တချို့ ဝေဖန်ချက်တွေက ကောင်းပေမယ့် တချို့မှာက ဖေါ်ပြတဲ့ အကြောင်းအရာနဲ့ မဆိုင်ပဲ ပုဂ္ဂိုလ်ရေး သိပ်ဆန်လွန်းတဲ့ ဝေဖန်မှုမျိုးကျတော့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အများအတွက် (သို့) ဘလော့ဂါအတွက် အကျိုးရှိစေတဲ့ ဝေဖန်မှုမျိုးကနေ လမ်းလွဲသွားနိုင်တာမျိုးကို သတိပြုသင့်တယ်လို့ ထင်တယ်။ စာရေးတဲ့သူတိုင်းက ဘာရည်ရွယ်ချက်နဲ့ပဲ ရေးရေး ကိုယ့်စာကို သူများဖတ်စေချင်တဲ့ စေတနာ စာရေးသူတိုင်း (ဘလော့ဂါတို့ရဲ့ ဘလော့ဂါအပါအ၀င်) မှာ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ တယောက်လက်ခံထားတဲ့ အမူအကျင့်တခုကို တခြားတယောက်က မနှစ်သက်တာ ရှိနိုင်ပေမယ့် အများကို မထိခိုက်ရင် ဒါကို သူကြိုက်လို့ သူလက်ခံထားတဲ့ ကိစ္စအတွက် အပြစ်မရှိပါဘူး။ ဒါကြောင့်မို့ ကိုယ့်ဘလော့ဂ်ကို လူလာစေချင်လို့ သူ့နည်းသူ့ဟန်နဲ့ ဆွဲဆောင်တဲ့ ကိစ္စမှာ ဘယ်သူ့ကိုမှ မထိခိုက်ရင် အပြစ်မပြာသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်မ မအားတဲ့ကြားက အားလုံးကို ပြီးအောင် ဖတ်ပြီးမှ ပထမဆုံးပို့စ်မှာ မှတ်ချက်ထားခဲ့တာပါ။ ဝေဖန်သူကို ပြန်ဝေဖန်သွားတာ အမှားပါသွားတယ် ထင်ရင် တောင်းပန်ပါတယ်။

ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ said...

အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ ကျနော်တို့လည်း ကောင်းကျိုးအတွက် မျှော်ရည်ပြီးလုပ်ခဲ့တာပါ။ နောက်ဆို အဲ့ဒါမျိုးတွေ ရှောင်ပါ့မယ်။

ဆရာကြီး (ခေတ္တ ကျွန်းပေါ်) အက်ဒမင်

သဇင်ဏီ said...

juzt interesting abt this blog...
how to contact wth admin???

သဇင်ဏီ said...

how 2 contact admin?
:( 2nd time aldy n no response