အရှက်မရှိ ကြသူများ

ဘလော့ဂ်တွေကို ဖတ်လာတာ တော်တော်များနေပြီ။ ဘလော့ဂ်တွေကလည်း ပေါင်းစုံပဲ။ အဲ့ဒီလို အဲ့ဒီလို ဖတ်ခဲ့တဲ့ ဘလော့ဂ်တွေထဲမှာ အရှက်မရှိဆုံးဘလော့ဂ်တွေက အမျိုးသမီး ဘလော့ဂ်တွေပဲ။ မောင်ဘပြောသလို ပြောရရင် သောက်ရူးမ ဘလောဂ့်တွေပေါ့။ ကိုယ့်ဟာကို ရေးချင်တာရေးတာ မဖတ်ချင်ရင်လာမဖတ်နဲ့ပေါ့။ ဘာတွေလာပြောနေတာလဲလို့ ပြောစရာရှိတယ်။ ကိုယ့်ဟာကို ရေးချင်ရင် စာအုပ်ထဲချရေးပေါ့။ ပြီးရင် တစ်ယောက်ထဲဖတ်။ မနေနိုင်လို့ တခြားလူတွေကိုပေးဖတ်ချင်ရင်လည်းဖတ်ပေါ့။

အခုတော့ အများပြည်သူဖတ်လို့ရတဲ့ ဘလော့ဂ်ဆိုတဲ့ အရာတွေဖန်တီးပြီး ဟိုတနေ့က ဘာသွားစားတယ်။ ဟိုတနေ့ကတော့ ဘာဝယ်ခဲ့တယ်။ စသဖြင့် စသဖြင့်ပေါ့။ အရေးထဲ ပိုစ့်တိုင်းကို ကိုယ့်ကိုကိုယ် သိပ်လှတယ်ထင်ပြီး ဓတ်ပုံတွေတင်တဲ့ သောက်ရှက်မရှိ အရူးမတွေကရှိသေးတယ်။

ကိုယ်က အများပြည်သူဖတ်လို့ရတဲ့ နေရာမှာ ချပြတဲ့အခါ အများပြည်သူဆိုတာကို လေးစားရမယ်။ အများပြည်သူအတွက် ဗဟုသုတ အတွေး ဒါတွေကိုပေးနိုင်ရမယ်။ ဒါမှလည်း ကိုယ့်ဘလော့ဂ်ကို လာဖတ်တဲ့ သူတွေအတွက် သူတို့ ကုန်ခဲ့တဲ့အရာတွေ ပိုပြီး တန်ဖိုးရှိမယ်။

ဒီလိုမှ မဟုတ်ရေးချင်ရင်လျှောက်ရေးပြီး သောက်ရှက်မရှိ သောက်ကြွားပုံတွေတင်တာ ဘလော့ဂ်ချင်တာထက် ဘလောဂ့်ဂါ ဖြစ်ချင်တာက ပိုထင်ရှားနေတယ်။ ကိုယ်က အပျော်တမ်းရေးနေတဲ့ ဘလော့ဂ်တစ်ခုပဲ။ နေ့တိုင်း တင်စရာမလိုဘူး။ အကယ်၍ ကိုယ်တင်တဲ့ ပိုစ့်တိုင်းက အရေအတွက် နဲရင် နဲပါစေ။ တန်ဖိုးတော့ ရှိဖို့လိုတာပေါ့။

အခုတော့ ဘလော့ဂ်တွေကို ဖတ်လိုက်တိုင်း အထူးသဖြင့် အမျိုးသမီးဘလော့ဂ်တွေပေါ့။ သောက်ရှက်မရှိ ဘလော့ဂ်ပေါ်လာပြီး ကြွားနေကြတယ်။

အဲ့ဒီလို ကြွားဖို့အတွက် ဆိုရှယ်နက်ဝက်တွေ ရှိတာပဲ။ စာဖတ်ချင်လို့ ဆိုပြီး ဘလော့ဂ်လင့်လေး နှိပ်လိုက်ပါတယ်။ သောက်ကြွားပုံတွေပဲ မြင်ရတော့ စိတ်ပျတ်တယ်။ ဟိုးအရင်တုန်းက ဘလော့ဂ်ဂါတော်တော်များများဟာ စာဖတ်ပြီးတဲ့နောက် အန်ထွက်လာတဲ့ အတွေးတွေ စာရေးချင်စိတ်တွေကို ဘလော့ဂ်ဆိုတဲ့အရာကို ဖန်တီးခဲ့ကြတာ။ အခုဘလော့ဂ်ဂါတွေကတော့ သူများ ဘလော့ဂ်ဂါဖြစ်တိုင်း လိုက်ဖြစ်ချင်တဲ့ သူတွေများလာတယ်။ ကိုရေးချင်တာရေးတာပဲ ဘယ်သူ့ကို ဂရုစိုက်ရမလဲ ဆိုတဲ့ လူတွေ အောက်က စာကို ဖတ်ကြည့်။

စာဖတ်သူတွေ လက်ခံလာအောင် ရေးတာမဟုတ်ဘူး ကိုယ့်အမြင်ကိုယ် ရေးတယ် ဆိုပေမဲ့ စာရေးရာမှာ အမျိုးမျိုးရှိတယ်။
(၁) ကိုယ်တယောက်ထဲအတွက် ကိုယ်ရေးခြင်း (public ကို ပြရန်မလို)
(၂) တခြား တစုံတယောက်အတွက် ရေးခြင်း (စာပို့ခြင်း၊ မေးလ်ပို့ခြင်း)
(၃) အများသူငါ ဖတ်ရှုဖို့ရေးခြင်း (စာ နယ် ဇင်း နှင့် ၀က်ဘ်ဆိုက်များ, ဖိုရမ်များတွင် ရေးခြင်း)


ပရိသတ်ဖတ်ရအောင် တင်ပေးနေတာပါလို့ အိညောင့်အိညောင့် ပြောတတ်တာတွေကို …
မဟုတ်ရင် အများဖတ်ဖို့ တင်ရန်မလိုဘူး။ ကိုယ့်အတွေးအမြင်ကို တင်ပြထားတယ် ကိုယ်ဖန်တီးထားတာကို အများရှေ့ချပြတယ် ဆိုကတည်းက အများဖတ်ဖို့ပဲ။ ဘယ်လိုပဲ မဟုတ်ပါဘူးဆိုဆို အများဖတ်ဖို့ ရည်ရွယ်တယ်ဆိုတာ ရှင်းတယ်။

ဒီတော့ အဲဒီလို အများသူငါ ဖတ်ရှုဖို့ ရေးမယ်ဆိုရင် အချက် (၅) ချက်နဲ့ ပြည့်စုံရမယ်။ (က) ခေတ်ရဲ့ အခြေအနေ (situation)
(ခ) စာရေးသူရဲ့ ရည်ရွယ်ချက် (၀ါ) စေတနာ (intention)
(ဂ) အကြောင်းအရာ (matter)
(ဃ) ချဉ်းကပ်နည်း (၀ါ) ဇောင်းပေးခြင်း (approach)
(င) အကြောင်းအကျိုး (၀ါ) ရှေ့နောက် ဆီလျော် ညီညွတ်ခြင်း (consistency)

စာဖတ်သူကလဲ အဲဒီ ၅ ချက်ကို ရှာဖွေဖတ်ရှုရမယ်။ အဲဒီ ၅ ချက်ကလဲ ပေါ်ပေါ်ထင်ထင် ရှိမနေရဘူး။ ပေါ်ပေါ်ထင်ထင်ရှိနေရင်လဲ ဒေါသသင့်တယ်။

( ဦးရွှေအောင်)

14 comments:

Anonymous said...

ဒီဘလော့ဂ်ရော ဘာဘလော့ဂ်တုန်း။
အားနေ သူများအတင်းပြောနေတဲ့ ဘလော့ဂ်။
ခုလို စာကောင်းတပုဒ်ထွက်လာတယ်ဆိုတာ
စာဖတ်တဲ့သူက ရှာတတ်လို့ ဖတ်ရတာ။
စာဖတ်ကောင်းသူတယောက်ဖြစ်အောင် ကြိုးစား။
ရေးတဲ့သူ ကောင်းတယ်လို့  မပြောလိုဘူး။
စေတနာနဲ့ရေးတယ်လို့ ခံစားလို့ မရလို့ ။

စာရေးသူတဦး said...

ဘလော့ဂါတို့ရဲ့ ဘလော့ဂါရေ ...
ဒီပို့စ်ထဲက ညွှန်းထားတဲ့ အနီခြယ် အ၀ါခြယ်စာဟာ ရီတာရဲ့ ဘလော့က ပို့စ်တခုမှာ စာရေးသူတဦးအမည်နဲ့ ကွန်မန့်ရေးခဲ့တာဖြစ်ပါတယ်။
အဲဒီထဲက အချက် ၅ ချက်နဲ့ ပြည့်စုံရမယ်ဆိုတဲ့ ဖော်ပြချက်ဟာ ဆရာကြီး ဦးရွှေအောင်ရဲ့ ရေးသားချက်ကို ကိုးကားထားတာပါ။
အဲဒီတုန်းကတော့ ကွန်မန့်ထဲမှာမို့ မူရင်းရေးသူကို မဖော်ပြခဲ့ဘူး။ အခုကတော့ ပို့စ်အနေနဲ့ တင်တာမို့ ဖြစ်နိုင်ရင် ဦးရွှေအောင်နာမည် ဖော်ပြပေးစေချင်ပါတယ်။

စာပေသစ္စာဖြင့် ...
စာရေးသူတဦး

ဇော် said...

Anonymous ကို ကျနော်ကပဲ ဒီဆိုက်ပိုင်ရှင်တွေကိုယ်စား ပြန်ပြောချင်ပါတယ် ..
အားနေ သူများအတင်းပြောနေတဲ့ ဘလော့တဲ့ .. ဒါဆို ကျနော် တစ်ခုလောက်မေးပါရစေ .. အတင်းဆိုတဲ့ အဓိပါယ်ကို ခင်ဗျား သေချာနားလည်ပါရဲ့လားဆိုတာ.. အတင်းဆိုတာ သူများနောက်ကွယ်မှာပြောတာမျိုးကိုမှ အတင်းလို့ခေါ်တယ်။ အခုက ပေါ်တင်ကို ပြောနေတာ။ အတင်းမဟုတ်ဘူး .. ကျနော်ကတော့ ဒီက ပိုစ့်တိုင်းကို ဖတ်လိုက်မိတိုင်းမှာ ဝေဖန်တယ်လို့ မယူဆမိဘူး.. ကျနော်တို့အမှားတိုင်းကို တိတိကျကျ ထောက်ပြနေတယ်လို့ပဲ ယူဆမိတယ်။ သူတို့ပြောနေတာ ကွက်တိမှန်တယ်။ ဒီလိုအမှန်တရားကို ခင်ဗျား အဲ့လူတွေကို သွားပြောရဲလား။ ကျနော်တော့ မပြောရဲဘူး။ ဒါပေမယ့် အခု ဒီဘလော့ပိုင်ရှင်တွေက ပြောရဲတယ်ဗျ။ ဒါကို ကျနော်တိတ်တိတ်လေးထောက်ခံမိတယ်။ သြော် .. ခင်ဗျားမှန်တယ် သတ္တိရှိတယ်ဆိုရင် ဒီလိုမျိုး ကွန်းမန့်ပေးရာမှာ ခင်ဗျားနာမည်ကို သုံးသင့်တာပေါ့နော။ အဲ့လိုမှမဟုတ်ရင် ခင်ဗျားက သူရဲဘောကြောင်သလို ရွက်ပုန်းသီး အာချောင်နေတာနဲ့တူတယ်။ ကျနော်ကတော့ အခုလို ဝေဖန်တဲ့သူမျိုးတွေထက် ခင်ဗျားလိုလူမျိုးတွေကို ပိုကြည့်မရဖြစ်တယ်။
သြော် .. ခင်ဗျား မကျေနပ်ရင် ကျနော့်ဆီလာခဲ့ဗျာ။ ကျနော့်အီးမေးလ်နဲ့ အင်ဖော်မေးရှင်းတွေ ကျနော့်ဘလော့မှာရှိတယ်။ ကျနော်ကတော့ ကျနော့်စိတ်ထဲ ခင်ဗျားကွန်းမန့်ဖတ်ပြီး ချဉ်လာလို့ ပြောလိုက်တာ။ ဘာရယ်လို့တော့မဟုတ်ဘူး။ ခင်ဗျားမကြိုက်လဲ မတတ်နိုင်ဘူး။

ဒီဘလော့က လူတွေကို ကျနော်တစ်ယောက်မှကို မသိဘူး။ ဒါပေမယ့် သူတို့လုပ်ရပ်မှာ ၃ပုံ ပုံရင် ၂ပုံနဲ့ တစ်ဝက်တိတိမှန်တယ်လို့ ကျနော်ထောက်ခံတယ်။ ခင်ဗျားခံစားမရရင် လာမခံစားနဲ့ပေါ့ဗျ။ မဖတ်ချင်ရင်မဖတ်နဲ့။ ခင်ဗျားဘာသာ အဲ့ဒီ အရေမရ အဖတ်မရ စာတွေနဲ့ အချိန်ကုန်ပေါ့။ ကျနော်ကတော့ လက်တွေ့ခံစားနေရတဲ့သူမို့ ဒီလူတွေကို သဘောကျတယ်။ ခင်ဗျားနားလည်အောင် ကြိုးစားဦး။

Anonymous said...

ဟုတ်ပါ့။ ဒီဘလော့ဂ်က အမှန်တွေပြောနေတာ။ မှန်တဲ့သူဆိုတော့ နာသွားတယ် ထင်ပါတယ်။ :) :)

Anonymous said...

ဘယ်သူဘာပြောပြော မှန်တယ်ထင်ရင်
ဆက်သာလုပ်
ပိုစ်တော့မှန်မှန်တင်စေချင်တယ်
တစ်ခါတစ်ခါ ကြာလွန်းလို့

Anonymous said...

I totally agree with above comment.

ဘယ်သူဘာပြောပြော မှန်တယ်ထင်ရင်
ဆက်သာလုပ်
ပိုစ်တော့မှန်မှန်တင်စေချင်တယ်
တစ်ခါတစ်ခါ ကြာလွန်းလို့

Unknown said...

သို့ / ဇော်
ဖတ်မိတဲ့အထဲက
ကြိုက်တာယူနိုင်ပါတယ်။

ကိုယ်အတွက်တော့
ရန်သူတောင်
ပညာပြည့်ဝရင်
လေးစားပါတယ်။ ။

Anonymous said...

အပိုတွေလာပြောမနေနဲ့ မေ။ ခင်ဗျားလား အဲ့ဒီလောက်ထိ ပြည့်ဝတာ။ အမှန်ဆိုတာ ခါးသီးတယ်။ အကောင်းမြင်တက်တဲ့ လူဆိုရင် ဒီစကားမျိုးမပြောဘူး။


မင်းမင်း

BoX said...

ဟဟ ခုမှ ဘယ်သူတွေရေးနေလဲ နည်းနည်းရိပ်မိလာတယ်

Anonymous said...

ြ့ကည့်ရတာ အပေါ်က အမည်မသိ အောစာအုပ်တွေ များများဖတ်တယ်ထင်တယ်။

ဘောက် ဆိုတဲ့ အစိုလားအမလား။ ဘာသိတာလဲ။ ချီးအုန်းနှောက်နဲ့ ။


မောင်ဆင်ဂါပူ

Anonymous said...

ဝေဖန်ရေးနဲ့ လေကန်ရေးဆရာကြီးတွေ
ပို့ စ်တင်တာကျဲတယ်။သူများအမှားရှာရတာ
အဲလောက်ပဲခက်သလား။ဘာလဲခင်ဗျားတို့ ကို
အမှုပြန်ပတ်မှာစိုးလို့ လား။ဘာမှမကြောက်နဲ့ ။
ဖတ်ချင်လှပြီ။မြန်မြန်တင်။

Unknown said...

I also totally agree with above comment.

ဘယ်သူဘာပြောပြော မှန်တယ်ထင်ရင်
ဆက်သာလုပ်
ပိုစ်တော့မှန်မှန်တင်စေချင်တယ်
တစ်ခါတစ်ခါ ကြာလွန်းလို့

Equal said...

ဒီဆိုဒ် က ပို့ တွေကိုဖတ်ရတာလဲ တမျိုးပဲ ကိုယ့်ဘာသာ ကို တစ်ယောက်တည်း လုပ်ကြံပြီးရေးတင်ထားတားလား တော့မသိပါ ၇ှုပ် ၇ှပ်ခတ်နေတာပဲ ဘာတွေလဲဟ အရူးလားမသိပါဘူး။

linnsu said...

ဒီပို့စ် ပိုင်ရှင်တွေရော...ဇော်ပြောတာတွေရော ထောက်ခံပါတယ်...အမျိုးသမီး ပို့စ်တိုင်းကို မဆိုလိုပါဘူး...ခင်ဦးမေရဲ့ ပို့စ်တွေကတော့...ကိုယ်ရေးချင်တာတွေ ကိုယ်ကြွားချင်တာတွေပဲ တင်နေတာပါ...စာဖတ်သူတွေအတွက်တော့ တန်ဖိုးမရှိပါဘူး..(.စောက်ရူးတွေ အတွက်တော့ မပြောတတ်ဘူး...)အဲဒီမိန်းမက အသက်ကလည်းကြီးပြီး သောက်သုံးကလည်း မကျဘူး....