ထွေရာလေးပါး

တခါတလေ ကိုယ်လုပ်နေတဲ့အရာတွေကို ပြန်တွေးရင် ဒီဘလော့ဂ်က ထိပ်ဆုံးကပဲ။ သူများကို တိုက်ခိုက်နေတဲ့ ဘလော့ဂ် ဘာများအကျိုးရှိလဲလို့ ကိုယ့်ကိုကိုယ်လည်း ခဏခဏမေးဘူးတယ်။ သူငယ်ချင်းတွေနဲ့ အတူ ဒီဘလော့ဂ် လုပ်မိရင်းက ကိုယ်လည်း ဘလောဂ့်လောကကိုရောက်လာတော့တယ်။ အမှန်တိုင်းဝန်ခံရရင် ဒီဘလော့ဂ်ကို စတင်သူက မောင်ဘပဲ။ မောင်ဘ က ဘလော့ဂ်ဂါလေ။ နာမည်တော့ ကြီးပါတယ်။ သူ့ဘလော့ဂ်နာမည်က ကဗျာဆန်လို့လားမသိဘူး။ ခင်ဦးမေကို ဘာကြောင့် တိုက်ခိုက်လဲလို့မေးရင် မောင်ဘကို အရင်မေးရမယ်။ သူ့ဘလော့ဂ်မှာ ခင်ဦးမေ က ဘာစာမှ ဆုံးအောင်မဖတ်ပဲ ကွန်မန့်တွေ လာပေးလို့ မောင်ဘက ထပေါက်သွားတာ။

ပိုစ့်တစ်ခုလုံးကို ဆုံးအောင်မဖတ်ပဲ တစ်ကြောင်းလောက်ကောက်ဖတ်ပြီး အဲ့ဒီတစ်ကြောင်းလောက်ကို ကွန်မန့််မှာ ချီးမွှန်းသလိုလို နားမလည်သလိုလို ခဏခဏလာလာလုပ်တဲ့အတွက် မောင်ဘက တော်တော်ပေါက်ကွဲသွားတာပါ။ အဲ့ဒီနောက် ကိုယ်တို့က ငယ်ပေါင်းတွေဆိုတော့ ပါလာရတော့တာပဲ။ ဒါက ဒီဘလော့ဂ် စတင်ခြင်းပဲ။ ဒါပေမယ့် ကိုယ်က မမကွန်ကို အပြင်မှာ ဆုံဖူးတယ်။ ကိုယ့်အသိ တစ်ယောက်မိတ်ဆက်ပေးတာပါ။ တခါတလေ ကိုယ်ဒီဘ၀လေးကိုကြိုက်တယ်။ ဘာမှ ဖုံးကွယ်ထားစရာမလိုဘူး။ မကျေနပ်ရင် ကြွေးပဲ။ အပြင်မှာဆို မပြုံးချင်ပဲနဲ့ ပြုံးနေရတဲ့ ဘ၀ကို ငြီးငွေ့လာပြီ။

အခုတလော စိတ်ထဲမှာ ချဉ်တင်တင်ဖြစ်နေတဲ့ ဘလော့ဂ်နှစ်ခုရှိတယ်။ အစိမ်းတွေရဲ့  လ လားမသိပါဘူး။ ပထမအစိမ်းကတော့ အင်တာဗျူးလုပ်ပြီးသွားပြီ။ ဒုတိယ အစိမ်းကိုတော့ တော်တော်လန်တယ်။ ဗုဒ္ဒအယူနဲ့ ကြည့်မယ်ဆိုရင် ဒီကောင် ဂျိုးဘယ်ကပ်ရမှန်းတောင်မသိဘူး။ ဒါပေမယ့် ဘာသာမဲ့ တစ်ယောက်အနေနဲ့ကြည့်ရင် မယုံကြည်သူကို ဘာမှ လုပ်လို့မရဘူးဆိုတာကို လက်ခံမိတယ်။ ကိုယ်တွေဆို တခြားဘာသာတွေကို စိတ်မ၀င်စားတော့ မင်းကိုတော့ ဘာဖြစ်မယ် ဆိုရင် ရယ်ချင်မိသေး။

နောက်တစ်ခုက မြန်မာပြည်ဖွား ကိုကို ဟတ်ကာများပါ။ ဖိုရမ်တွေ ဘလော့ဂ်တွေမှာ ဟိုဆိုဒ်ကို ဟတ်မယ် ဒီဆိုဒ်ကို ဟတ်မယ်ဆိုပြီး လုပ်နေတဲ့ သူများ ကိုယ့်ကို ဗုဒ္ဓဘာသာဝင်လို့ ယူဆ ထားရင် ဒီဆိုဒ်ကို တု့န်ပြန်ဖို့ တာဝန်ရှိတယ်လို့ မခံစားမိကြဘူးလားမသိဘူး။ တကယ်တော့ မြန်မာပြည်မှာ နဲနဲတက်ပြီး များများကြွားနေတဲ့ သူတွေပဲရှိတယ်။ တက်ရောင်ကားတွေပေါ့။ နည်းပညာ အပိုင်းမှာ ပြည်ပမှာ ကျင်လည် နေတဲ့သူတွေဆို မြန်မာပြည်မှာ ကိုယ့်ကိုကိုယ် နည်းပညာသမားခံယူထားတဲ့ သူတွေကို ဟားတဲ့အသံ ခဏခဏ ကြားရတယ်။

အခုတလော ကိုမိုးသီးရဲ့ ဘလော့ဂ် WE Fight We Lose ဘလော့ဂ်ကို ဖတ်ဖြစ်နေတယ်။ မမကွန် စိဘောက်များလည်း ဖိုင်တင်တွေ တွေ့တွေ့နေရတယ်။ အရင်တုန်းက စတိတစ်ယောက်ပဲ သောင်းကျန်းနေတာ အခုတော့ သူ့ထက်ဆိုးတဲ့ မမရောက်လာပြီလေ။ တစ်ချိန်လုံး နွှာမယ်ပဲပြောနေတဲ့ မမတစ်ယောက် ကြက်သွန်တို့ အာလူးတို့များ နွှာပြီးကျောင်းပြီးလာသလား မသိဘူး။ နွှာမယ် တကဲကဲပဲ။ သူလည် မမကွန်ကို ဟိုတစ်ယောက်ပြောသလို အမျိုးသားရေး ပြင်းထန်ပုံရတယ်။ သူကျေးဇူးတင်တဲ့သူ က ဥပမာ ဂျူလိုင် တို့ ညီလင်းဆက်တို့ပဲ။ ဖြေကြည့်ကြသူများ ပိုစ့်နောက်ပိုင်း ညီလင်းဆက် စာတွေ ပါးစပ်တွေ့နေလားမသိဘူး။ ကဗျာတွေ ဘလော့ဂ်တွေကို တင်ထားတာတွေ့နေရတယ်။ ပြောရမယ်ဆို အဲ့ဒီ အုပ်စု မမများက အမျိုးသားရေး စိတ်ပြင်းထန်ပုံရတယ်။

ကိုယ့် သူငယ်ချင်း တစ်ယောက်ပြောတဲ့ စကားတစ်ခွန်း မှတ်မိသေးတယ် ၊ ငါ့ကြိုက်လို့ ပါဟ ဆိုတဲ့ စကားလို ဖြစ်နေမလားမသိဘူး။

ဆရာကြီး နှင့် အင်တာဗျူး

ကျနုပ်တို့လည်း ဒီဘလောဂ်ကြီးကို ရပ်တန့်ထားသည်မှာ တော်တော်ကြာခဲ့လေပြီ။ ကျောင်းအားလပ်ရက်ဖြစ်သည် ကြောင့် အမိမြန်မာပြည်သို့ ပြန်သူကပြန် ဈေးပေါ ပြီး အလည်သွားသင့်သည့် နိုင်ငံသို့သွားသူကသွား ဆိုတော့ ဘလော့ဂ်လေးနဲ့ တော်တော်ဝေးခဲ့ကြာတယ်။ ဆရာကြီးကတော့ လွန်ခဲ့သည့် ၃ ရက်လောက်မှ ပြန်ရောက်လာတယ်။ သူရောက်ရောက်ခြင်း ကျနုပ်တို့ လည်း တွေ့ဖို့အချိန်မရကြသေးပေ။ တနေ့ကမှ အားလုံး ဟန်နစီ တစ်လုံးထောင်ပြီး မြန်မာနိုင်ငံတိုးတက်ရေး ၊ မြန်မာဘလော့ဂ်လောကကြီး သာယာလှပရေး ထိုထိုသို့သော ရောက်တက်ရာရာများ ပြောဆိုကြသည်။ ထိုသို့စကားပြောနေကြစဉ်အတွင်း မောင်ဘမှ ဆရာကြီးနှင့် အင်တာဗျူးလေးတစ်ခုကို လုပ်ခဲ့ကြတယ်။ သူတို့အင်တာဗျူးကို မှတ်တမ်းတင်သည့်ဟု ကျနုပ်မှ ခံယူသောက်ကြောင့် ကျနုပ်ရဲ့ နောက်ဆုံးပေါ်ဖုန်းနှင့် အသံသွင်းယူထားခဲ့လေသည်။ ဖတ်ကြာလော့ ။ အို စာဖတ်သူ နှင့် ဘလောဂ့်ဂါ အပေါင်းတို့ ။။။။။။။။

မောင် ဘ ။ ။ ဆရာကြီး ဒီတခေါက် ရန်ကုန်သွားတာ တော်တော်ကြာတယ်နော်။ ဘာတွေလုပ်နေလို့လဲဗျ။ အစစအရာရာ အဆင်ပြေခဲ့ရဲ့လားဗျ။ ဗမာပြည်ကြီးကော ဘယ်လိုလဲ။ ပြောပြပါအုန်း။
ဆရာကြီး ။ ။ ပြောရမယ်ဆို အများကြီးပဲဗျာ။ လေယာဉ်ကွင်းရောက်ရောက်ခြင်းမှာပဲ ကာစတန်ဆိုတဲ့ ခွေးအဆွဲခံရတယ်ဗျာ။ ကျုပ်ဖြင့် တခါမှ မကြားဘူးတဲ့ စကားတွေ မေးခွန်းတွေလာမေးနေတယ်။ ညစ်ပါ့။ ကျုပ်တော့ သောက်ဖတ်လုပ်ပြီး စကားပြန်မပြောပါဘူး။ နောက်ဆုံးမရရင်တော့ ဖုန်းခေါ်မယ်ဆိုပြီးတင်းထားလိုက်တယ်။ နောက်ဆုံး အားလုံးအေးအေးဆေးဆေး ပြီးသွားပါတယ်။

နဲနဲကြာတာကတော့ အခုဆို မြန်မာပြည်ကြီးမှာ အနှိပ်ခန်းဆိုတာ ပေါမှပေါဗျာ။ တချိန်လုံးစာဖတ် အချိန်ပိုင်းလေး အလုပ်လုပ်ဆိုတော့ မြန်မာပြည်ရောက်မှ အညောင်းအညာတွေ သွားဖြေနေလို့ နဲနဲ ပိုကြာသွားတာပါ။ ဟဲဟဲ

မြန်မာပြည်ကြီးက ဘယ်လိုလဲဆိုရင်တော့ ငတ်လို့ ပျတ်လို့ကောင်းတုန်းပေါ့ဗျာ။

မောင်ဘ ။ ။ ငတ်တဲ့ ပျတ်တဲ့အထဲမှာ ဆရာကြီးတို့တော့ ပါမယ်မထင်ပါဘူး။ ဟိဟိ
ဆရာကြီး။ ။ ပါစရာလားဗျ။ :(
မောင်ဘ ။ ။ အခုတလော ဆရာကြီးတို့ ကျနော်တို့ တွေ အပြင်ရောက်နေတုန်း ဘလော့ဂ်လောကမှာ မဲစိန် တစ်ယောက် သောင်းကြမ်းနေတယ်ဆိုတဲ့အကြောင်း ကြားပြီးပြီလား။
ဆရာကြီး ။ ။ ဘယ်က မဲစိန်လဲဟ။ ငါဖြင့် ဘလောဂ်ဂါမတွေ ( မိမိကိုယ်ကို သိပ်လှတယ်ထင်ပြီး ဓတ်ပုံတွေတင်တက်တဲ့ ဘလော့ဂ်ဂါ) သောက်ဖတ်လုပ်ပြီး မကြည့်ပါဘူး။ မဲသလား ဖြူသလားဆိုတာ ပိုဆိုးပေါ့။
မောင်ဘ ။ ။ ဟာ ဆရာကြီးတောင် ကွန်မန့်တွေ သွားပေးသေးတယ်လေ။ ဟို မဲစိန်ဆိုတာ အဲဗားဂရင်းလား ဘာလားမသိဘူး။ ဘာလဲနာမည်က ရိတာလည်း ငိုတာလားမသိဘူး။
ဆရာကြီး ။ ။ အော်သိပြီ။ သိပြီ။ Rita တော့လုပ်ကွာ။ နေစမ်းပါအုန်းဟ။ မင်းတို့က ဘာလို့ ဘလော့ဂ်ဂါ အသက်ကြီးကြီး အမယ်အိုရပ်ပေါက်နေတဲ့ ဒီမဲတူးစိန်တွေကိုပဲ တိုက်ခိုက်နေရတာလဲ။
မောင်ဘ ။ ။ ဒါကတော့ ရှင်းပါတယ် ဆရာကြီးရယ်။ ရုပ်ဆိုးပြီး အိုနေလို့ပေါ့ဗျာ။
မောင်ဘ။ ။ သူ့ရဲ့ နာမည်ကို ဘာလို့ Rita အဲဗားဂရင်းဆိုပြီးမေးတာလဲဗျ။ ဖြေကြည်ကြသူများဆိုတဲ့ ပိုစ့်ကို ဘာလို့ရေးတာလဲဗျ။ နောက်ပြီး ဘာသာရေးလိုလို နက္ခ ဗေဒင် အကြောင်းတွေကိုကော ဘာလို့ ရေးတာလဲ။ ဆရာကြီး ဘယ်လိုထင်တယ်။
ဆရာကြီး။ ။ Rita ဆိုတဲ့နာမည်ကိုပေးတာကတော့ သူကြိုက်လို့ထင်ပါတယ်။ အဲဒါပေမယ့် အဲဗားဂရင်းကိုပေးတာတော့ အကြောင်းရှိတယ်မောင်ရင်။ ဒီလိုလေ။ သူက အညာသူလေ။ အဲ့ဒီတော့ အညာမှာဆိုတော့ ပူလောင်ပြီး ခြောက်သွေ့တယ်မဟုတ်လား။ သူဖြစ်ချင်တာလေးဖြစ်တဲ့ အမြဲစိမ်းလန်းလေးကို တောင့်တတဲ့ သဘောပါပဲ။ ဖြေကြည့်ကြသူများဆိုတဲ့ ပိုစ့်ကို ဘာကြောင့်ရေးတာလဲဆိုတော့ ကိုမင်းကိုနိုင်ရေးတဲ့ နောက်ကြည့်မှန်ဆိုတဲ့ စာအုပ်ကို တရားမ၀င်ခိုးဖတ်ရင်းက အာဝင်ချောင်တဲ့သဘောပဲ။ အဲ့ဒီနောက် သူ့ရဲ့ ညဏ်မမှီတဲ့ ဟင် ဆိုတဲ့ စကားလုံးတစ်လုံးကြောင့် တော်တော်များများက သနားဂရုနာဖြစ်ပြီး ၀ိုင်းပြောကြတယ်။ အဲ့ဒါကိုသူက လက်မခံပဲ ဖင်ပိတ်ပြီး သူထင်ရာ သူဝင်ငြင်းတော့တာပဲ။ နောက်ဆုံး သူရူးသွပ်တဲ့ ကွန်မန့်တွေ ရသွားတာပဲ။

ဘာသာရေးတွေ ဆက်ရေးတာတော့ အရမ်းရှင်းတယ်။ ကွန်မန့်တွေအများကြီးရသွားပြီးတဲ့နောက် တော်တော်များများက သူ့ကို စိတ်ပျက်သွားကြတယ်လေ။ သူ့ဘလော့ဂ်ကို ပြန်တောင်မလာတော့ဘူး။ အဲ့ဒါကြောင့်သူက နင်နဲ့စကားပြောရတာ စိတ်ပျတ်စကားကောင်းတယ်ဆိုပြီး ထွက်သွားတဲ့ ကိုမျိုးမြင့်အောင် ကွန်မန့်တွေ လျှောက်တင်ပြီး နောက်ထက်ကွန်မန့်တွေ ထပ်မျှော်ကြည့်တာပဲ။ မရဘူးမောင်ရေ။ သူ့ကို တော်တော်များများက ဂေါက်သီးမ ကိုယ်လိုရာကိုယ်ပြောတဲ့ လိပ်မ ဆိုပြီး သတ်မှတ်ထားကြတယ်လေ။

ဗေဒင်အကြောင်းရေးတာကတော့ ရှင်းပါတယ်။ ကွန်မန့်တွေ ထပ်မျှော်ကြည့်တာပေါ့။ ငြင်းရတာကို စိတ်ပျတ်တဲ့ လူတစ်ယောက်ဆိုရင် ဒီလိုမျိုး ပိုစ့်တွေဘယ်တင်ပါ့မလဲ။ ပိုဆိုးတာက သူက ဗေဒင်ဆိုတဲ့ ပညာရပ်ကို နားမလည်ရှာဘူး။ သူ့ပတ်ဝန်းကျင်မှာတွေ့ဘူးတဲ့ ၅၀ ရလည်းဟောတယ်။ ၁၀၀ ရလည်းဟောတယ်ဆိုတဲ့ အောက်တန်းစားဗေဒင်ဆရာတွေပဲ တွေ့ဘူးတယ်ဆိုတော့ သူစိတ်ပျတ်မယ်ဆိုလည်း ပျတ်စရာပေါ့။ သူက ပတ်ဝန်းကျင် လွှမ်းမိုးမှု ခဏခဏ ခံရတယ်ထင်ပါတယ်။ ဒါကလည်း သူလာခဲ့တဲ့ ပတ်ဝန်းကျင်ကို အခြေခံပြီး ငြင်းတာပါ။

မောင်ဘ ။ ။ ဆရာကြီးပြောပြမှပဲ အားလုံးရှင်းသွားတော့။ ကျေးဇူးတင်ပါတယ်။

သာကီး တင်ပြသည်။