ဆုပေးသူ မဲပေးသူ ဆုယူသူ တို့ရဲ့ ဘလာ ဘလာ (၁)

ဒီနှစ်အပါအ၀င်ဆိုရင်ဖြင့် မြန်မာဘလော့ဂ်ဂါ အကယ်ဒမီပေးပွဲကြီး နှစ်နှစ်တိတိ ဖြစ်ပြီပေါ့။ ဦးတည်ချက်တွေက ကောင်းမွန်လှပါတယ်။ မြန်မာဘလောဂ်ဂါအရေအသွေးတွေ တိုးတက်လာတာပေါ့။ ဘယ်အရာမဆို အစပိုင်း အခက်အခဲဆိုတာ ရှိစမြဲပါ။ ပထမ နှစ်ဆိုတော့ ထားလိုက်ပေါ့။ အခု ဒုတိယနှစ်ကို ရောက်လာပြီ။ ဘာတိုးတက်မှု ရှိမလာဘူး။ အဓိကတော့ မဲပေးပုံစံက အမှားကြီးမှားနေတယ်။ တကယ်ကောင်းမွန်တဲ့ ဘလောဂ့်တွေက ပျောက်နေပြီး ဘလော့ဂ်ဂါဖြစ်ချင်လို့ ဘလော့ဂ်လုပ်တဲ့ ဘလော့ဂ်တွေက များနေတယ်။ တကယ်ဆိုရင် အကယ်ဒမီပေးတဲ့ အဖွဲ့က ဘလော့ဂ်တွေကို ထားပေးရမှာ။ အခုတော့ ဘလော့ဂ်တွေ ဒီလောက်များပါရဲ့နဲ့ မဲပေးရတော့ ဆယ်ခုတောင်မရှိဘူး။

တိုင်းကျိုးပြည်ပြု ဘလော့ဂ်။ ဘာကိုဆိုလိုမှန်းမသိဘူး။ နည်းပညာဘလော့ဂ်တွေက သွက်ပါတယ်။ နည်းပညာဘလော့ဂ်တွေကို ဘယ်လိုပေးရမလဲ။ ဥပမာ ညီနေမင်း ကိုကြည့်။ ပုဂ္ဂိုလ်ရေးအရ မဲပေးမှုတွေများနေတယ်။ တကယ် နည်းပညာကို ဖြန့်ဝေပေးတာထက် သူများဆော့ဂ်ဝဲတွေကို ဒေါင်းပြီး ကိုယ့်ဟာကို တခြား ဆိုဒ်မှာပြန်တင်ပေးထားတာပါ။ အဲဒါကို နည်းပညာ ဖြန့်ဝေမှုလို ခေါ်ရမလား။

ဆက်ရန်ရှိသေးသည်။


3 comments:

ဇော် said...

ကျနော် သိပ်ကြိုက်ပြီး တကယ်ကို ကောင်းတယ်လို့ ခံစားရတဲ့ ဘလော့စာရေးသူတွေရဲ့ အိမ်တွေမပါလို့ ကျနော် တကယ်စိတ်မကောင်းဖြစ်ရတယ် .. နောက်ပြီး အဲ့ထဲမှာ တကယ်စာရေးကောင်းတဲ့သူတွေက ၁ မဲ ၂မဲပဲ ရနေပြီး ဘာမှကိုမဟုတ်တဲ့သူတွေက မဲအများကြီးရနေတာကိုလဲ ကျနော် စိတ်မကောင်းဖြစ်ရတယ် .. အဲ့ဒါကြောင့် တစ်ခါပဲ သွားကြည့်တယ်.. ပြီးတော့ ကျနော် မဲလဲ မပေးတော့ဘူး .. နောက် အယုံအကြည်လဲမရှိတော့ဘူး ..
စာရေး သိပ်ကောင်းတဲ့သူတွေ အများကြီးမှ အများကြီးပါဗျာ .. ကျနော့်အိမ်မှာ အပ်ထားတဲ့သူတွေဆိုရင် ၁၀ယောက်လောက်ပဲ ပုဂ္ဂိုလ်ရေးပါမယ် .. ကျန်တဲ့သူတွေအကုန်လုံးက တကယ်စာရေးကောင်းတဲ့သူချည်းပါပဲ .. ဒါပေမယ့် သူတို့ ဘာလို့မပါတာလဲ .. ကျနော် တကယ်စိတ်ထဲမှာ ကလိကလိဖြစ်နေတယ် ..
ခင်ဗျားဆက်ရေးပါဗျာ .. ကျနော် အားပေးပါတယ် .. ခင်ဗျားရေးတာတွေက ကျနော့်စိတ်ထဲက ပြောချင်တာတွေနဲ့ ထပ်တူဖြစ်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ် ..
ပျော်ရွှင်ပါစေ .. =)

Anonymous said...

နောက်တစ်ခုရှိသေးတယ်။ မဲပေးတဲ့ form မှာ ကိုယ့်ဘလောဂ့်လိပ်စာ ပါတဲ့ အချို့ သော ဘလောဂ့်ရှင်တွေကလည်း သူတို့ ကိုယ်တိုင် ပေးတာ မဟုတ်ကြောင်းကို ထပ်ခါတလဲလဲ ရှင်းပြနေကြတာ သူတို့ ကို ဘယ်သူက ဘာပြောနေလို့ လဲနော့်။ ဘာတွေမှန်းကို မသိဘူး။

Anonymous said...

စလုံးကို စလာတော့တောသူမလေးပေါ့။ အိတ်တစ်လုံးနဲ့ ဘဲလာတယ်။ ခဏ အလည်လာတာပါ။ ကြာရှည်နေဘို့ မရည်ရွယ်သေးပါဘူး။ အခုလိုပိုက် ဆံအိတ် အများကြီး လဲမရှိပါဘူး ။ ရိုးရိုး pulse လေးတစ်လူံးဘဲ လက်ကကိုင်ပြိး ဂျင်းဘောင်းဘီဝတ်။ ဂျော်ဒါနိုအ ကျီဝတ်။ ဒေါက်ဖိနပ် စီးပြီး လာပါတယ်။ အဝင်မှာ တစ်လ ဆုတောင်းပေမဲ့ ဥပဓိရုပ် ကြောင့်နစ်ပါတ်ဘဲရလိုက်ပါတယ။ှ်ရှိုးမန်းနီးပြခိုင်းတော့ လည်း အစိမ်းသုံးရာ ထုတ်ပြ လိုက်ပါသေးတယ်။

အထက်ပါ စာသည် ခင်ဦးမေ ဘလော့ကပါ။ ဖတ်ကြည့်ပါအုံး ဆရာကြီးတို့။
pulse = သွေးခုန်နှုန်း
purse = ပိုက်ဆံအိတ် မဟုတ်လား။
မှားနေကြောင်း ကွန်မန့်မှာ သွားပြောတော့ ကွန်မန့်ကို ဖျက်ပစ်ပါသည်။ သူမဟာ ဆရာဝန်တယောက်ဖြစ်ပြီး pulse နှင့် purse ကို မသိရလေသလောဟု စိတ်ထဲ ကလိကလိ ဖြစ်မိပါတော့သည်။